လစ်ဗျား အစိုးရသစ်အဖွဲ့ ကျမ်းသစ္စာ ကျိန်ဆို
လစ်ဗျား ခေါင်းဆောင်ဟောင်း မူအာ မာဂဒါဖီ ပြုတ် ကျ ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် အစိုးရ အဖွဲ့သစ်၏ ကျမ်းသ စ္စာ ကျိန်ဆိုပွဲကို နိုဝင်ဘာ ၁၄ ရက်က လစ်ဗျား နိုင်ငံ တွင် ကျင်းပ ခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။
အဆိုပါ ကျမ်းသစ္စာ ကျိန်ဆို ပွဲကို ထရီ ပိုလီမြို့ရှိ အမျိုးသား ကွန်ဂရက် လွှတ်တော် အဆောက် အအုံတွင် ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး ၁၉၈ဝ ပြည့်နှစ်များ အတွင်းက ပြည်ပသို့ ထွက်ပြေး ခိုလှုံ ခဲ့သည့် သံတမန် တစ်ဦး ဖြစ်သူ အလီ ဇေဒန်သည် အစိုးရ အဖွဲ့တွင် ဝန်ကြီး ချုပ် ဖြစ်လာ ခဲ့သည်။ ၎င်းအား ကွန်ဂရက် လွှတ်တော်ကဝန်ကြီးချုပ် အဖြစ် အောက်တိုဘာလ အတွင်းက ရွေးကောက် တင်မြှောက် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်း အနားသို့ အဆိုပြု ထားသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၂၇ ဦး အနက် ရှစ်ဦးမှာ တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။
ယခုရွေးကောက် ခံရသည့် အစိုးရ သစ်သည် အမျိုးသားလွှတ်တော်နှင့် ပြည်သူများ၏ ထောက်ခံ မှုဖြင့်
တောင့် တင်း ခိုင်မာပြီး စည်းကမ်း တိကျသည့် အစိုးရ အဖြစ် ဦးဆောင် သွားမည် ဖြစ်ပြီး မိမိတို့ အနေဖြင့် တော်လှန်ရေး၏ ရည်မှန်းချက် များနှင့် ပန်းတိုင်သို့ တက်လှမ်း နိုင် ရန် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ် ကြောင်း ဝန်ကြီးချုပ် ဇေဒန်က ပြောကြား ခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for "လစ်ဗျား အစိုးရသစ်အဖွဲ့ ကျမ်းသစ္စာ ကျိန်ဆို "