ဂျပန်အောက်လွှတ်တော် ဖျက်သိမ်း
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒ က ဂျပန်အောက် လွှတ်တော်ကို
ဖျက်သိမ်းလိုက်ပါတယ်။
လက်ရှိအာဏာရ သူ့ရဲ့ ဂျပန်ဒီမိုကရက်တစ်ပါတီ အနေနဲ့
အနိုင်ရနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့
စီစဉ် လိုက်တာပါ။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ Liberal Democratic Party က တိုင်းပြည်ရဲ့ လိုငွေပမာဏ ကျသွားစေဖို့ နဲ့ ရွေးကောက်ပွဲဥပဒေ ပြောင်းလဲမှုတွေပြုလုပ်ရေး အစရှိတဲ့ သဘောတူညီမှုရရှိပြီးနောက် မစ္စတာ နိုဒါး ဟာ ဥပဒေပြု အာဏာ ကြီးကြီးမားမား ရှိတဲ့ အောက်လွှတ်တော် ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
တကယ်လို့ အလွတ်သဘောစစ်တမ်းတွေအတိုင်း အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် ယခင်ဝန်ကြီးချုပ်ဟောင်း လက်ရှိ LDP ပါတီခေါင်းဆောင် ရှင်ဇိုအာဘေး အနေနဲ့ အစိုးရပြန်လည်ခေါင်း
ဆောင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့်၊ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပမယ်လို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲမှာ အားမကောင်းလှတဲ့ ညွန့်ပေါင်းအစိုးရတရပ်သာ ထွက်ပေါ်လာဖို့ သေချာ သလောက်ရှိနေတယ်ဆိုပြီး နိုင် ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

0 မှတ်ချက်များ for "ဂျပန်အောက်လွှတ်တော် ဖျက်သိမ်း "