မူလတန်း ကျောင်းဝင်ခွင့် အသက် ပြောင်းလဲမည်မဟုတ်
မူလတန်းအဆင့် ကျောင်းဝင်ခွင့်အသက်ကို မူလ အတိုင်း ဆက်လက်ထားရှိသွားမည်ဟု ပညာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။
အသက် ၅ နှစ်မှ သို့မဟုတ် အသက် ၆ နှစ်မှ မူလ တန်းပညာ စတင်သင်ယူခွင့်ပြုမည်
ဆိုသော
ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်နေကြရာ လတ် တလောတွင် အသက် ၅ နှစ်နှင့် မူလတန်း ပညာ အား သင်ယူခွင့်ကို ယခင်အတိုင်းသာ ထားပေးသွား ရန် ရှိ သည်ဟု ဒုတိယဝန်ကြီးက ဆက် ပြောသည်။
ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်နေကြရာ လတ် တလောတွင် အသက် ၅ နှစ်နှင့် မူလတန်း ပညာ အား သင်ယူခွင့်ကို ယခင်အတိုင်းသာ ထားပေးသွား ရန် ရှိ သည်ဟု ဒုတိယဝန်ကြီးက ဆက် ပြောသည်။
”ပြောင်းလဲလို့တော့ မရသေး ပါဘူး။ အများအတိုင်းပဲပေါ့။ အများက ဒီလိုပဲ သဘောရှိကြတယ်”ဟု ဒုတိယ ဝန်ကြီးက ပြောသည်။
Thinking Classroom Foundationမှ ဒေါက်တာ သိန်းလွင်က ”မြန်မာနိုင်ငံက
တောက်လျှောက်ကြီး ဒီစနစ်ကို ကျင့်သုံးလာနေတာပဲ။ ဘာပြဿနာမှ မရှိဘူးလေ။
ဒါ့ကြောင့် ဆက်ထားလည်း ကောင်းတာပဲ” ဟုပြောသည်။
သို့သော် ဆန့်ကျင်ဘက်
အယူအဆများအရ ကလေးငယ်တို့၏ ဦးနှောက်ပိုင်း၊ ကိုယ်ခန္ဓာပိုင်း ဖွံ့ဖြိုးမှုတို့
ရှင်သန်ကြီးထွားချိန်ဖြစ်နေရာ လွတ်လွတ်လပ်လပ် ဖြစ်စေရန် အသက် ၆
နှစ်ပြည့်ပြီး မှသာ မူလတန်း ပညာသင်ယူသင့် ကြောင်း ထောက်ပြမှုတို့က
ရှိနေကြသည်။
ဒေါက်တာ သိန်းလွင်က ”ထိုင်းမှာလည်း ၆ နှစ်ပဲဗျ။ ကျွန်တော်
ထင်ပါတယ်။ ဒါက စကားလုံးလေးပဲ ကွာတာပါ။ ကျွန်တော်တို့ဆီမှာ ၅ နှစ်ပြည့်ပြီး ၆
နှစ်နှစ် ထဲပါပဲ။ မထူးပါဘူး။ ဒါပေမဲ့ တစ်ဖက် အမြင်ကလည်း သဘာဝကျပါတယ်” ဟု
မှတ်ချက်ပြု ထားသည်။
လွတ်လပ်ရေးရပြီးချိန်က မူလတန်း ပညာသင်ခွင့်
အသက်ကို ၅ နှစ်ဟု သတ်မှတ်ခဲ့ပြီး ယနေ့တိုင် ကျင့်သုံးလျက်ရှိသည်ဟု
ဒေါက်တာသိန်းလွင်က ပြောသည်။


0 မှတ်ချက်များ for "မူလတန်း ကျောင်းဝင်ခွင့် အသက် ပြောင်းလဲမည်မဟုတ်"