ချင်းလူမျိုးများ ခိုလှုံတဲ့ ကျေးရွာ ဖြိုဖျက် ခံလိုက်ရပြန်ပြီ
ယခင်စစ်အစိုးရရဲ့ စစ်အာဏာရှင် အုပ်ချုပ်မှုစနစ်
အောက်မှာဖိနှိပ် ချုပ်ချယ်ခံရသည် သာမက နေ့စဉ် နဲ့အမျှ စားဝတ်နေ ရေးအခက်အခဲတွေ ကနေရုန်း ထွက်နိုင်ဖို့ ချင်းလူမျိုးတွေ နယ်စပ်ဖြတ်ကျော်ပြီး
တော့ သွားရောက်ခိုလုံနေရတဲ့ အိန္ဒိယ-မြန်မာနယ် စပ် မီဇိုရမ်ဘက် ကမ်းမှာတည်ရှိတဲ့ ဆိုင်းခုမ်ဖိုင်း ဆိုတဲ့ကျေးရွာ ဖြိုဖျက်ခံလိုက်ရပြန်ပြီ။
အောက်မှာဖိနှိပ် ချုပ်ချယ်ခံရသည် သာမက နေ့စဉ် နဲ့အမျှ စားဝတ်နေ ရေးအခက်အခဲတွေ ကနေရုန်း ထွက်နိုင်ဖို့ ချင်းလူမျိုးတွေ နယ်စပ်ဖြတ်ကျော်ပြီး
တော့ သွားရောက်ခိုလုံနေရတဲ့ အိန္ဒိယ-မြန်မာနယ် စပ် မီဇိုရမ်ဘက် ကမ်းမှာတည်ရှိတဲ့ ဆိုင်းခုမ်ဖိုင်း ဆိုတဲ့ကျေးရွာ ဖြိုဖျက်ခံလိုက်ရပြန်ပြီ။
မီဇိုရမ်ပြည်နယ်အစိုးရက နိုင်ဝင်ဘာလ ဒုတိယ ပတ်အတွင်းမှာ အမှန်တကယ်ဘဲ ဖြိုဖျက်လိုက် တာပါ။
အခုလို ချင်းလူမျိုးအများစု နေထိုင်ရာ Sai khumphai
ကျေးရွာ ဖျက်သိမ်းခံရတဲ့ အကြောင်းရင်း နဲ့ပတ် သက်လို့ Vaphai ကျေးရွာ Joint Action Committee ရဲ့ အကြောင်းပြချက်တွေကတော့ (၁) Vaphai ကျေးရွာဟာ အစိုးရက တပ်ချထားမှုမရှိတာကြောင့် မူးယစ်ဆေးဝါး၊ လက်နက်တွေ အဓိကတင်သွင်းရာ ဒေသတခုဖြစ် လာတယ်၊ ဆိုင်းခုမ်ဖိုင်းကျေးရွာမှာ မြန်မာနိုင်ငံသားတွေ(ချင်းလူမျိုး) တဖြည်းဖြည်းများလာပြီး မကောင်းမှု ဒုစရိုက်ကျူးလွန်တဲ့ မြန်မာနိုင်ငံသားအချင်းချင်းကို ဖုံးဖိကာကွယ်ပေးလေ့ရှိတယ်။
ကျေးရွာ ဖျက်သိမ်းခံရတဲ့ အကြောင်းရင်း နဲ့ပတ် သက်လို့ Vaphai ကျေးရွာ Joint Action Committee ရဲ့ အကြောင်းပြချက်တွေကတော့ (၁) Vaphai ကျေးရွာဟာ အစိုးရက တပ်ချထားမှုမရှိတာကြောင့် မူးယစ်ဆေးဝါး၊ လက်နက်တွေ အဓိကတင်သွင်းရာ ဒေသတခုဖြစ် လာတယ်၊ ဆိုင်းခုမ်ဖိုင်းကျေးရွာမှာ မြန်မာနိုင်ငံသားတွေ(ချင်းလူမျူ
(၂) မြန်မာနိုင်ငံသား(ချင်းလူမျိုးတွေဟာ)
လုပ်ငန်းအတည်တကျမရှိဘဲနဲ့ Saikhumphai ကျေးရွာကို
ပြောင်းရွှေ့လာကြ သူတွေဖြစ်ပြီး သဘာဝ သစ်တောတွေကိုလည်း အချိန်မတန်ခင် ခုတ်လှဲလေ့ရှိ တာကြောင့် သစ်တော ဖြုန်းတီးမှုဖြစ် လာစေနိုင်တယ်။
ပြောင်းရွှေ့လာကြ သူတွေဖြစ်ပြီး သဘာဝ သစ်တောတွေကိုလည်း အချိန်မတန်ခင် ခုတ်လှဲလေ့ရှိ တာကြောင့် သစ်တော ဖြုန်းတီးမှုဖြစ် လာစေနိုင်တယ်။
(၃) ကျေးရွာအာဏာပိုင်တွေက
မြစ်ချောင်းတွေမှာ ငါးမိုင်းခွဲခြင်း၊ Dynamo နှင့် ငါးဖမ်းခြင်း၊ အဆိပ်ရည်
နှင့် ငါးဖမ်းမှု တွေမလုပ်ဖို့ တားမြစ်တဲ့ကြားထဲမှာ
ဆက်လက်လုပ်ဆောင်နေကြတာကြောင့် ရေ သတ္တ၀ါတွေ မျိုးပြုန်းစေတယ်၊
(၄) သူတို့(မြန်မာနိုင်ငံသားချင်းလူ
အမှန်တကယ် သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် ဆိုင်ခုမ်ဖိုင်းကျေးရွာဟာ မီဇိုရမ်ပြည်နယ် အတွင်းမှာတည်ရှိ ပြီး အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်း
လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံဘက်ကနေ ချင်းလူမျိုးတချို့ စတင်ပြောင်းရွှေ့လာကြ တာဖြစ်ပြီး Vaphai ကျေးရွာကောင်စီအဖွဲ့ကလည်း အသိအမှတ်ပြုပြီး နေထိုင်ခွင့်ပြုထားခဲ့တာပါ။ ချင်းလူမျိုးတွေဟာ အဲဒီကျေး ရွာမှာနေထိုင်ပြီး တောင်ယာလုပ်ငန်းတွေကို အငှားနဲ့လုပ်ကိုင်ကြ ကာအသက်မွေး
မြန်မာနိုင်ငံမှာ စားဝတ်နေရေးအခက်ခဲတွေကြောင့် အဲဒီကျေးရွာကို ပြောင်းရွှေ့လာတဲ့ ချင်းလူမျိုးတွေ တဖြည်းဖြည်း များပြားလာခဲ့ပါတယ်။ အိမ်ခြေ ၅၀ ကျော်အထိရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အခြေခံမူလတန်းကျောင်းတွေပါ ရှိလာပြီး သူတို့သားသမီးတွေ ပညာသင်ကြားနိုင်ခဲ့ကြတဲ့ အထိဖြစ်
Saikhumphai ကျေးရွာ ဖျက်သိမ်းဖို့ Vaphai ကျေးရွာ JAC ရဲ့ အကြောင်းပြချက်တွေအပေါ် Saikhumphai ကျေး ရွာမှာနေ ထိုင်တဲ့ ချင်းအမျိုးသားတဦးကတော့ လုံးဝ ငြင်းဆန်ထားပါတယ်။
“ ဒီကျေးရွာမှာ ဘယ်သူမှ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူမရှိ
ဒါပေမယ့် Vaphai ကျေးရွာ JAC အဖွဲ့ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး Saikhumphai ကျေးရွာနေ အိန္ဒိယနိုင်ငံသားမဟုတ်တဲ့သူတွေ
ဒါကြောင့် နိုဝင်ဘာလဆန်းပိုင်းကဘဲ ချင်းလူမျိုးလူဦးရေ ၈၀ ခန့်ကို ကျေးရွာကနေ မောင်းထုတ်လိုက်ကြပြီး သူတို့နေ ထိုင်ခဲ့တဲ့အိမ်တွေကိုလည်း ချိတ်ပိတ်ထားလိုက်ပါတယ်။
မီဇိုရမ်အစိုးရရဲ့ အစီအစဉ်နဲ့ အဲဒီကျေးရွာမှာ ကျန်ရှိနေကြတဲ့ အိန္ဒိယနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေကို Vaphai ကျေးရွာမှာ ပြောင်းရွှေ့နေရာချထားပေးမှာဖြစ်
ကြည့်ရှူကူညီထောက်ပံ့ပေးမယ့်သူ
“ ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံသားမဟုတ်ကြတဲ့ ချင်းလူမျိုးအတွက် အမှန်တကယ် တုန်လှုပ်ခြောက်ခြား စရာတခုပါ၊ သူတို့ နောက်ထပ် ဘယ်ဒေသ၊ ဘယ်နေရာကိုများ သွားရောက်ခိုလှုံကြမလဲဆိုတာ စဉ်းစားစရာကိစ္စကြီးကြီးတရပ်ဖြစ် နေမှာအမှန်ပါ’’ လို့ အဲဒီကျေးရွာကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ချင်းလူမျိုးတဦးက ပြောပြခဲ့ပါတယ်။


0 မှတ်ချက်များ for "ချင်းလူမျိုးများ ခိုလှုံတဲ့ ကျေးရွာ ဖြိုဖျက် ခံလိုက်ရပြန်ပြီ"