မလေးရှား သွားမယ့်သူ အများအပြား လမ်းတ၀က်မှာ အဖမ်းခံရ

ကော့သောင်းမြို့ လမ်းကြောင်းကတဆင့် မလေးရှား သွားမယ့် သူအများအပြား လမ်းခုလတ်မှာအဖမ်းခံ လိုက်ရတယ်လို့ သိရပါတယ်။

အဲဒီသတင်းကို ထိုင်းဘာသာနဲ့ရေးသားတဲ့ မန်နေ ဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ မနေ့က ရက်စွဲနဲ့ ဖော်ပြထားတာပါ။


အဖမ်းခံရသူ မြန်မာပြည်သား အရေအတွက် ၅၇ ဦး ရှိတယ်၊ ကားသုံးစီးနဲ့လိုက်ပါလာတဲ့ သူတို့ကို ကော့

သောင်းမြို့တဘက်ကမ်း ရနောင်းမြို့နယ်ထဲမှာ ဖမ်းလိုက်တာဖြစ်ပြီး ယာဉ်မောင်း သုံးဦးထဲက နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ကယ်ရီခ ဘယ်လောက်လဲ 
ဒီအုပ်စုထဲမှာ မလေးရှားနိုင်ငံအထိ သွားရောက်မယ့်သူတွေပါသလို မလေးရှား/ ထိုင်းနယ်စပ်က ခရိုင်တ ခုဖြစ်တဲ့ ဟတ်ရိုင်မှာ နေထိုင်လုပ်ကိုင်မယ့်သူတွေလည်းပါဝင်ပါတယ်တဲ့။ ဟုတ် ရိုင်အထိ သွားမယ်ဆိုရင် ပွဲစားခ/ကယ်ရီခ ဘတ် ၆,၀၀၀ (US$ 200 ခန့်) ပေးရမယ်၊ မလေးရှားနယ် ထဲအထိဆို ဘတ် ၁၀,၀၀၀ ခန့် (US$ 330 ခန့်) ပေးရတယ်ဆိုပြီး အဖမ်းခံရသူများဆီက သိရကြောင်း သတင်းမှာ ရေးထားပါတယ်။

သတင်းထဲမှာ ရေးထားတဲ့ ဒီအချက်အလက် မှန်ကန်တယ် ဆိုရင်တော့ အဲဒီဒေသကို ခိုးသွား (တရားမ ၀င်သွား) ကြသူတွေရဲ့ ကုန်ကျစရိတ်ဟာ ဘန်ကောက်ကို ခိုးသွားရင် ပေးနေကြရတဲ့ ပွဲစားခ/ကယ်ရီ ခတွေထက် သက်သာတယ်လို့ ဆိုရပါမယ်။


ဘယ်မှာ ထိန်းသိမ်းထားသလဲ 
အဖမ်းခံရတယ် ဆိုတဲ့ မြန်မာ ပြည်သား ၅၇ ဦး ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသလဲဆိုတာကို မသိရသေးပါဘူး။
 ရနောင်းမြို့နယ် ရဲစခန်း၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က) ရုံးတို့ကို ဒီကနေ့ စုံစမ်း မေးမြန်းခဲ့ပေမယ့် ဒီရက် ပိုင်း ဖမ်းမိတဲ့တရားမ၀င်နေထိုင်သွားလာသူမြန်မာပြည်သားများ သူတို့ဆီကို လာရောက် ပို့ဆောင်ထားခြင်း မရှိကြောင်း ရုံးတာဝန်ရှိသူများက ပြန်လည် ဖြေကြားကြပါတယ်။

အဖမ်းအဆီး 
တရားဝင်နေထိုင်ခွင့်မရှိတဲ့ မြန်မာပြည်သားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မှုက ထိုင်းမှာ နေ့ တိုင်းဖြစ်ပေါ်
နေတာပါ။ မကြာသေးခင်ရက်ပိုင်းကလည်း ထိုင်းအာဏာပိုင်များက ကန်ချနဘူရီမြို့နယ်ထဲမှာ တရားမ ၀င် နေထိုင်သူ မြန်မာတွေ အလုံးအရင်းနဲ့ အဖမ်းခံလိုက်ရပါတယ်။ အရေအတွက်က ၆၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု 
ထိုင်း နဲ့ မြန်မာက လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးထားကြပါတယ်။
 
ဒီနှစ် မတ်လက အစပြုပြီး လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးများကို နယ်စပ်မှာ ဖွင့်ပါတယ်။ တနင်္သာရီတိုင်း ကော့သောင်း နဲ့ ရှမ်းပြည်နယ် တာချီလိတ်တို့မှာပါ။

တတိယမြောက်ရုံးကို ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီနှစ် မကုန်ခင် ဖွင့်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


နှစ်နိုင်ငံ အစိုးရ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘော တူညီချက်အရ ဒီရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။


ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အရေအတွက်က နှစ်သန်းခွဲ ကနေ လေးသန်း ၀န်းကျင် ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားပါတယ်။

0 မှတ်ချက်များ for "မလေးရှား သွားမယ့်သူ အများအပြား လမ်းတ၀က်မှာ အဖမ်းခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++