မာဆက်(KTV) မီးရောင်စုံအောက်က မြန်မာမိန်းခလေး ဘဝ

KTV ၊ (မာဆက်) အနှိပ်ခန်း၊ စားသောက်ဆိုင်များ တွင် လှည့်လည် ဖျော်ဖြေရေးအသွင်ဆောင်
နေ ကြတဲ့ မော်ဒယ် မလေးများ အကြောင်းဖြစ်ပါ တယ်။ 

အဆိပါမိန်းကလေးများမှာ များသောအားဖြင့်  ရုပ် ရည်ချောမောပြေပြစ်ကြသူများဖြစ်ကြပါတယ်။

အလွှာ အသီးသီးမှ ဆင်းသက်လာကြသူများဖြစ် ကြပါတယ်။ သူတို့ ကျင်လည်ရာ နေရာများ ကတော့ စားသောက်ဆိုင် အမည်ခံ ကာရာအိုကေ ခန်းများ၊ အလှပြင်ဆိုင်အမည်ခံအနှိပ်ခန်းများ. စင်တင်တေးဂီတအမည်ခံ မော်ဒယ်မလေး များ ထားရှိသော ဆိုင်များဖြစ်ကြပါသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိန်းကလေးတို့ သဘာဝအလှတရားများကို ဗန်းပြကာငွေ ရှာ ကြသောနေရာများဖြစ်ပါသည်။


ပထမဦးစွာတင်ပြမှာက ကာရာ အိုကေခန်းမများ..တွင် ကျင်လည်ကြသော မိန်းကလေးများ၏ ဘ၀ အကြောင်းဖြစ်ပါသည်။


ထိုမိန်း ကလေးများသည်အသက်အားဖြင့်  (17 နှစ်မှ30)၀န်းကျင်သာရှိကြပါသည်။ ထို မိန်းကလေးများ ရုပ်ရည် အ တန်သင့်  ရှိကြပြီးပညာရေး အနေနှင့် တော့  အချို့က အခြေခံအဆင့်  အချို့ကတော့  တက္ကသိုလ်များတွင် ကျောင်း တက် ဆဲ မိန်းကလေးများပါ ပါဝင် ပါသည်။ ပထမနှစ်..ဒုတိယနှစ်ကျောင်း သူများပါဝင်နေကြမှာထူးခြား မှု့ တခု ဖြစ်ပါသည်။


သူတို့  ၏ပြောဆိုချက် အရ ပညာဆက်လက်သင်ရန်အတွက် ငွေကြေးမပြည့်စုံခြင်း၊ မိဘများမှစီးပွားရေး ကျပ်တည်းလာမှုကြောင့်  ကျောင်းစရိတ်ဆက် လက်မပံ့ပိုးနိုင်တော့  ခြင်းတို့  ကြောင့်  ပညာအတွက် ဘ၀ ကို နှစ်ကြသူများ ဖြစ် ပါသည်။


ထိုမိန်းကလေး သည်များသောအားဖြင့်  အလုပ်သဘောဆက်ဆံမှုမှလွဲ၍ လူသိမခံကြပါ။ အများဆုံး ရောက် ရှိလာကြသူများကတော့  ယခင်အထည်ချုပ်လုပ်ငန်းများတွင် နယ်မှနေ လာရောက်လုပ်ကိုနေကြသည့်  အထည်ချုပ်သူများဖြစ်ပါသည်။


ပြည်ပ မှလာရောက်လုပ်ကိုင်ကြသောအထည်ချုပ်လုပ်ငန်းများသည်နိုင်ငံရေးအခြေနေအရသော်၎င်း၊
အစိုးရ၏စီပွားရေးလုပ်ငန်းရှင်များ အပေါ်သဘောထားပြောင်းလဲလာခြင်းကြောင့်  သော်၎င်း၊ လျှပ်စစ်မီးသုံး စွဲရာတွင် လုံလောက်စွာမရရှိမှုကြောင့် သော်၎င်း အကြောင်းအမျိုး မျိုးကြောင့်လုပ်ငန်းများရပ်ဆိုင်းခဲ့ ကြပါသည်။ ထိုအခါတွင် အထည်ချုပ်လုပ်ငန်းများမှမိန်းကလေးတော်တော်များများ အလုပ်လက်မဲ့ ဖြစ်ခဲ့ ရပါသည်။

ထိုမိန်းကလေးများ သည် မိမိ ဘ၀ ရပ်တည်ရေး နှင့် အခြားအလုပ်များပြောင်း လဲ လုပ်ကိုင်ရန်အတွက် အလုပ်ရှားပါးမှုတို့  ကြောင့်  အ၀င်လွယ် အထွက် လွယ်ငွေရလွယ်သောကာရာအိုကေခန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရင်း ယခုတိုင်ရုန်းမထွက်နိုင်သူ အများအပြားရှိနေ ကြပါသည်။

နေထိုင်ကြသည့်  ပုံစံများကတော့  အလျှင်းသင့်  သူများနှင့်  တိုက်ခန်းများ စပ်တူဌားရမ်းနေထိုင်ကြခြင်း၊ ဆိုင်များမှစီစဥင်္ပေးသောအဆောင်များတွင်နေထိုင်ကြခြင်းများစသည်ဖြင့် နေ ကြပါသည်။

စားရေးသောက်ရေးအနေနှင့်  ကတော့  မနက်ခင်းပိုင်းတွင်မိမိငွေဖြင့်  ၀ယ်စားညစာအတွက်မူလာ ရောက် ကြ သောဧည်သည်များထံ မှကျွေးသမျှ ဖြင့်  ချို့ချန်ကာ ရသမျှ ငွေကိုစုပြီး အဝေးမှမိဘ
များကိုထောက် ပံ့ ကြပါသည်။

အလုပ်ချိန်မှာ ညနေ(5း00)လောက်မှစတင်ကာည(2း00)လောက်ထိ ရှိကြပါသည်။ ထိုဘ၀များတွင် ကြာရှည် ကျင်လည်ခဲ့ကြသည့်  မိန်းကလေးအများစုမှာ ကျင်လည်ရာပါတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် စိတ်အလို လိုက်ရင်းအရက်စွဲ ၊ကြေးစားဘ၀၊ ငွေကြေးချမ်းသာသူများ၏လပေးစနစ်ဖြင့်  အငယ်အနှောင်း ဘ၀များဖြင့်  သာနိဂုန်းချုပ်ရ ပါတော့သည် ။

0 မှတ်ချက်များ for "မာဆက်(KTV) မီးရောင်စုံအောက်က မြန်မာမိန်းခလေး ဘ၀"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++