ပညာရေး ဝန်ထမ်းများ လစာတိုးပြီ ဆိုသော်လည်း
ပညာရေးကဏ္ဍ ပိုမိုအားကောင်းလာစေရန် စီမံခန့် ခွဲမှုအပိုင်း
အဆင့်မြင့်တိုးမြှင့် ဆောင် ရွက်နိုင်ရန်နှင့် ဆရာ/မများ၏ အရည်အသွေး
ပိုမိုမြင့်မားလာစေရန် အတွက် အခြေခံပညာ ဦးစီးဌာနအောက် ပြည် နယ်
နှင့်တိုင်းဒေသကြီး အဆင့်မှ မြို့နယ်အဆင့်ထိ စီမံရေးနှင့်
အုပ်ချုပ်ရေးဆိုင်ရာ ပညာရေးဝန်ထမ်း များ နှင့် ဆရာ/မများအား လက်ရှိရာထူး၏
တစ်ဆင့် တိုးလစာများအတိုင်း တိုးမြှင့်ပေးသွားမည်ဟု ဆိုသည်။
သို့သော်လည်း လုပ်သက်
(၁၅) နှစ် အထက်ရှိသော မူလတန်းပြ ဆရာ၊ ဆရာမများကို အလယ်တန်း ပြ လစာနှုန်း၊
မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာနှုန်း၊ အလယ်တန်းကျောင်းအုပ်များကို
အထက်တန်းကျောင်းအုပ်လစာနှုန်း၊ မြို့နယ်ပညာရေးမှူးကို
လက်ထောက်ညွှန်ကြားရေးမှူးလာစာ နှုန်း၊ ခရိုင်ပညာရေးမှူးကို
ဒု/ညွှန်ကြားရေးမှူးလစာနှုန်း၊ ပြည်နယ်/တိုင်းပညာရေးမှူးကို ညွှန်ကြား
ရေးမှူး လစာနှုန်း အသီးသီးသတ်မှတ်တိုးမြှင့်ပေးခဲ့ပြီး၊ လုပ်သက် (၁၅) နှစ်၊
အနှစ် (၂ဝ) ကျော် အလယ်တန်းပြ ဆရာ/ ဆရာမကြီးများ၊
အထက်တန်းပြဆရာ/ဆရာမကြီးများ၊ အထက်တန်းကျောင်း အုပ်များ၊
လက်ထောက်မြို့နယ်ပညာရေးမှူးများ ပါဝင်ခြင်းမရှိသေးပါ။
တစ်ချို့အလယ်တန်းပြဆရာ/ ဆရာမကြီးများ၊ အထက်တန်းပြ ဆရာ/ဆရာမကြီးများသည်
လုပ်သက်အနှစ် (၂ဝ၊၃ဝ) ကျော်ပင်စင် သွားခါနီးအထိ ရှိနေကြပါသည်။
ပညာရေးဝန်ထမ်းများလစာ တိုးပြီဟု ကြားရသော်လည်း သူတို့ပါဝင်
ခြင်းမရှိသေးသည့်အတွက် ငိုရမလို၊ ရယ်ရမလို ဖြစ်နေပြီး "ဝမ်း နည်းရမှာလား၊
ဝမ်းသာရမှာလား၊ ဝန်ကြီးရယ်" လို့ ပြောရမလို ဖြစ်နေပါသည်ဟု လစာတိုးတွင်
မပါသော ဆရာမကြီးများက ရင်ဖွင့် လာပါသည်။
http://www.maukkha.org/index.php
0 မှတ်ချက်များ for "ပညာရေး ဝန်ထမ်းများ လစာတိုးပြီ ဆိုသော်လည်း"