ခုနှစ်ရက်သားသမီးများအတွက် ( ၁၂.၁၁.၁၂) မှ (၁၈.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ ယခုအချိန်ကိုယ်ပိုင် လုပ်ငန်း လုပ်ရန်ဖြစ် လာတတ်သည်။ မလုပ်ပါနှင့်၊ မအောင်မြင်သေးသော အချိန်ဖြစ် သည်။ ငွေဝင်မည်။ အကျိုးမရှိကုန် တတ်သည်။ စာချုပ်စာ တမ်း၊ စာရင်းအင်းများ သတိထားပါ။ စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်း ရတတ်သည်။ ဆွေမျိုး သားချင်းအတွက်ပူပင်သောကဖြစ်ရတတ်သည်။ မိမိစိတ်တွင်ဖြစ်ချင်နေတာ

တမျိုးလုပ်ကိုင်နေရတာ တမျိုးဖြစ်နေတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။
ကျန်းမာရေး။ ဗိုက်အောင့်ပြီးဆေးရုံဆေးခန်းသွားနေရတတ်သည်။
အချစ်ရေး။ မိမိအနားတွင်အားပေးပြုစုဖေါ်ကောင်းရှိနေသောကြောင့်ရောဂါတ၀တ်သက်သာနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၅ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လက်အောက်ငယ်ထွက်ပြေးသွားသောကြောင့်စိတ်တိုသလိုဖြစ်နေခြင်း၊ အလုပ်များ
မနိုင်မနင်းဖြစ်နေတတ်ခြင်းဖြစ်နေတတ်သည်။ လူမျိုးခြား၊ ဘာသာခြားကြောင့်စိတ်အနှောင့်အယှက်ဖြစ်
ရတတ်သည်။ အလုပ်တွင်အထက်လူကြီးဆရာသမားကောင်းများနှင့်လုပ်ကိုင်နေရသောကြောင့် အစစ
အရာရာအဆင်ပြေနေတတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်မည်။
ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများ
ရပ်တန့်နေသည်။
ကျန်းမာရေး။ လက်မောင်းတဘက်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေပါသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၃ ၆ ၃)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
သင်တန်းတခုတက်ရခြင်း၊ ပညာသင်ရန်ပြင်ဆင်နေရတတ်ခြင်းများဖြစ်နေတတ်သည်။ မိတ်ဆွေဟောင်း
များနှင့်ပြန်လည်ဆုံတွေ့ရတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ မိမိဖြစ်ချင်သလိုမဖြစ်
ဘဲအဆင်ပြေသလိုလုပ်ကိုင်နေရတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများနေတတ်သည်။ အလုပ်လက်
မဲ့ဖြစ်နေတတ်သည်။ စိတ်များလေနေတတ်သည်။ ဘယ်အလုပ်ဘဲလုပ်လုပ်စိတ်ပင်ပမ်းလူပင်ပမ်း
ဖြစ်တတ်သည်။ သည်းခံပြီးလုပ်ပါ။
ကျန်းမာရေး။ အရေပြားတွင်အဖု့အပိန့်ထွက်ခြင်း၊ အညိုအမဲစွဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ရှိချစ်သူထက်အရင်ချစ်သူဟောင်းကိုသတိရလွမ်းနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စပျက်သီးဖျော်ရည်ကပ်လှုဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၄ ၇ ၄)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ရေခြားမြေခြားပင်လယ်ခရီးကောင်းသွား
ရတတ်သည်။ ပညာသင်ရခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာ
ခြင်းဖြစ်တတ်သည်။ လုပ်ငန်းတွင်ဝင်ငွေကောင်းနေသည်။ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်နေ
တတ်သည်။ လက်ဆောင်ပစ္စည်းများလည်းရနေတတ်သည်။ မျက်မှန်၊ ဆိုင်ကယ်၊ ဆိုင်ခန်းဝင်တတ်
သည်။ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ သတိရှိပါ။
ကျန်းမာရေး။ သွေးတိုးနေတတ်သည်။ အစားအသောက်ဆင်ခြင်ပါ။
အချစ်ရေး။ အနေဝေးလို့သွေးအေးနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အားလိမ္မော်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၈ ၅)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ခရီးများဆက်တိုက်သွားနေရတတ်သည်။ အလှူအတန်းများလည်းဆက်တိုက်ပြုလုပ်နေရတတ်သည်။ စက်
ပစ္စည်းများဝင်ခြင်း၊ အစားအစာများလက်ဆောင်ရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေဟောင်းများ
နှင့်တွေ့ရတတ်သည်။ အလုပ်တွင်ပုံမှန်အတိုင်းဖြစ်နေသည်။ အဖွဲအစည်းနှင့်ပတ်သက်ပြီး မိမိကြိုးစားသလောက်မအောင်မြင်သေးဘဲဖြစ်နေသေးသည်။ လက်အောက်ငယ်သားကြောင့် စိတ်ညစ်စရာဖြစ်ရ တတ်သည်။ မိမိရစရာငွေများမရသောကြောင့်စိတ်ညစ်ရတတ်သည်။
ကျန်းမာရေး။ ဆီးချိုရောဂါကြောင့်ဆေးထိုးနေရတတ်သည်။
အချစ်ရေး။ အချစ်ရေးအတွက်မစဉ်းစားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၆ ၉ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်များပိနေတတ်သည်။ လူမူရေးများလည်းလုပ်ကိုင်နေရတတ်သည်။ စက်ပစ္စည်းတီဗွီဝင်ခြင်း၊ ရွှေ ၀င်ခြင်း၊ လျှပ်စက်ပစ္စည်းများ ၀င်ခြင်းဖြစ်တတ်သည်။ ငွေများဝင်သည်။ ကူညီမှုများလည်းလုပ်နေရတတ် သည်။ မိမိနှင့်ရင်နှီးသောမိတ်ဆွေသစ္စာမရှိမှုကြောင့်မိမိအလုပ်တွင်မမျှောင့်လင့်သောဆုံးရှုံးမှုများဖြစ်တတ် သည်။ လက်အောက်ငယ်သားထွက်ပြေးတတ်သည်။ မိမိလုပ်ကိုင်နေသောအလုပ်များတိုးတက်သော်
လည်း စိတ်ရှုပ်စရာများဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။
ကျန်းမာရေး။ သွေးပေါင်ကျနေတတ်ခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူ / အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေသောကြောင့်စိုးရိမ်စိတ်များဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၇ ၀ ၇)

စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်ဝင်ငွေကောင်းနေသည်။ သို့သော်ငွေများမမြဲဘဲဖြစ်နေသည်။ စိတ်များလေနေသည်။ မိမိအလုပ်တွင်စိတ်မ၀င်စားဘဲအလောင်းအစားဖက်စိတ်ရောက်နေတတ်သည်။ ရသမျှငွေများကုန်နေတတ်
သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများရပ်တန့်နေသေးသည်။ ပြည်တွင်း ခရီးသွားရတတ်သည်။ ပြည်ပခရီး
အားနည်းနေသေးသည်။ အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရ
တတ်သည်။ မိမိအလုပ်ကိုဂရုတစိုက်လုပ်ပါအောင်မြင်ပါလိမ့်မည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးမျက်စိဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကဖွင့်မပြောရဲဘဲဖြစ်နေတတ်သည်။ ရဲရဲသာဖွင့်ပြောလိုက်ပါ၊ ချစ်သူရည်းစားရကိန်းရှိသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၉ ၁ ၉ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarketအနီး
ဖုန်း+ 016 6903 513 ,+018 2250 510
E-mail:swezinwati@gmail.com

0 မှတ်ချက်များ for "ခုနှစ်ရက်သားသမီးများအတွက် ( ၁၂.၁၁.၁၂) မှ (၁၈.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း "