ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီမည်

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီရန် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့က လှိုင်မြို့နယ် မြန်မာ အင်ဖိုတတ်တွင် ပြုလုပ်သည့် “လူမှုဘဝ လုံခြုံမှု ပေးစွမ်းနိုင် မည့် ခြေ လှမ်း” ခေါင်းစဉ်နှင့် ဆွေးနွေး ပွဲက ဆိုသည်။

“လူမှုရေးအရ အကာအကွယ်ပေးမှုဆိုရာမှာ ဆင်းရဲနွမ်း ပါးမှုနဲ့ လူမှုရေးခံစားခွင့်တွေ ချို့တဲ့နေသူတွေ၊ စီးပွားရေး အရရော လူမှုရေး ခံစားခွင့်တွေ ချို့တဲ့နေရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတင်မကဘဲ ဆိုးကျိုးတွေလျော့သွားစေဖို့၊ ပပျောက်စေဖို့ ရည်ရွယ်ပြီး အကောင်အထည်ဖော်သွားမှာပါ” ဟု အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ယင်းဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် အလုပ်သမား ဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

“သင့်လျော်ကောင်းမွန်တဲ့ လုပ်ခလစာနှင့် အလုပ်၊ လုပ်ငန်းခွင် လုံခြုံရေးနဲ့ ကျန်းမာရေးတို့ ပါဝင်တဲ့ လုပ်ငန်းခွင် အခြေအနေကိုလည်း ဖော်ဆောင်ပေးသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ရွှေ့ပြောင်း အလုပ်သမားများအရေးနှင့် ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် အစီအစဉ်များအပြင် ခုခံအားနည်းရောဂါ၊ ကပ်ရောဂါများ စသည့် လုပ်ငန်းများအတွက် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကိုလည်း အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

“မကြာခင်မှာ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ဝင်လာနိုင်ပါတယ်။ အဲဒီ ကုမ္ပဏီတွေမှာ လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေ၊ နိုင်ထက်စီးနင်း လုပ်ကိုင်တတ်တဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေဆီမှာ လုပ်ကိုင်ရတဲ့ မြန်မာလုပ်သွားတွေအတွက် ဥပဒေအရ ခိုင်ခိုင်မာမာ ကာကွယ်ပေးဖို့ကို ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ရှေ့နေ ဦးဇော်ထွန်း က ပြောသည်။

ILO ၏ လူမှုရေး အကာအကွယ်ပေးမှုဆိုင်ရာ အဓိက ရည်မှန်းချက်များအနေဖြင့် လူမှုဖူလုံရေး စီမံကိန်းများ၏ လက်ရှိအကျုံးဝင် အကာအကွယ်ပေးနိုင်မှုနှင့် အကျိုးသက်ရောက်မှုတို့ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ http://www.mizzimaburmese.com/news/

0 မှတ်ချက်များ for "ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီမည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++