မလေးရှားသို့ အလုပ် လုပ်ကိုင်မယ့် သူတွေရဲ့ အခြေခံလစာ တိုးမြှင့် သတ်မှတ်ပြီး
လာမယ့်
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စ တင်ပြီး မလေးရှား နိုင်ငံသို့
သွားရောက် အလုပ် လုပ်ကိုင်မယ့် သူတွေရဲ့ အခြေခံ လစာကို ၁ လလျှင် ရင်းဂစ်
၉၀၀ နဲ့ တိုးမြှင့် သတ်မှတ်ပြီး ခေါ်ယူဖို့ ရှိ တယ်လို့ သုခစုစံ ပြည်ပ
အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အခုလက်ရှိ မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသူတွေ အနေနဲ့ ရရှိတဲ့
လုပ်ခ လစာဟာ ၁ ရက်ကို မလေးရှားငွေ ၂၁ ရင်းဂစ် ရရှိပြီး တစ်လလျှင် မလေးရှား
ရင်ဂစ် ၅၀၀ ကျော် ၆၀၀ နီးပါးသာ ရရှိ တာ ဖြစ်ပါတယ်။
ဒါပေမယ့် လာမယ့် နှစ်မှာတော့ မလေးရှား နိုင်ငံရဲ့ ပြည်ပလုပ်သား အခြေခံလစာကို ၉၀၀ ရင်းဂစ် အထိ တိုးမြှင့်ပေး သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လာမယ့် နှစ်မှာတော့ မလေးရှား နိုင်ငံရဲ့ ပြည်ပလုပ်သား အခြေခံလစာကို ၉၀၀ ရင်းဂစ် အထိ တိုးမြှင့်ပေး သွားမှာ ဖြစ်ပါတယ်။
အဆိုပါ
အေဂျင်စီမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ယခုလ အတွင်း လာရောက် လျှောက်ထား
သူများ ကိုလည်း မလေးရှားမှ အလုပ်ရှင်များ အနေနဲ့ အင်တာဗျူး ခေါ်တွေ့ပြီး
အဆင်ပြေပါက စာချုပ်မှာ လုပ်ခလစာကို အခြေခံက စပြီး ရင်းဂစ် ၉၀၀ သတ်မှတ်ကာ
ခန့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မလေးရှား နိုင်ငံကို
သွားရောက် လုပ်ကိုင်တဲ့ အလုပ်သမား အများစုမှာ စက်ရုံ လုပ်ငန်းများ၊
ဆောက်လုပ်ရေး လုပ်ငန်းများနဲ့ စိုက်ပျိုးရေး လုပ်ငန်း စတဲ့ လုပ်ငန်း အများစုမှာ လုပ်ကိုင် နေတာ ဖြစ် တယ်လို့ သတင်း ရရှိပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းများနဲ့ စိုက်ပျိုးရေး လုပ်ငန်း စတဲ့ လုပ်ငန်း အများစုမှာ လုပ်ကိုင် နေတာ ဖြစ် တယ်လို့ သတင်း ရရှိပါတယ်။

0 မှတ်ချက်များ for "မလေးရှားသို့ အလုပ် လုပ်ကိုင်မယ့် သူတွေရဲ့ အခြေခံလစာ တိုးမြှင့် သတ်မှတ်ပြီး"