အိုဘားမား မိန့်ခွန်းအပေါ် မင်းကိုနိုင်၏ သဘောထားအမြင်နှင့် အနာဂါတ်မြန်မာ့ ဒီမိုကရေစီ

လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး သူ့အတွေးအမြင်က လက်ခံနိုင် ဖွယ် ရှိပါတယ်။ သူပေးနိုင်တဲ့ ကျွန်တော် တို့ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုက အားရစရာ ကောင်းတယ်။ သူရွေးချယ် လိုက်တဲ့ ဒီနေရာရဲ့ တန်ဖိုးကိုလည်း သိတယ်။ သမိုင်းတန်ဖိုးတွေကို သူအကုန်သိတယ်။ တော်ရုံ ဒီကနေ့ ခေတ် ကလေးတွေ တောင် မသိတဲ့ ဦးသန့်ကို ဒီကမွေးတယ်။
 
အမျိုးသားခေါင်းဆောင် ကိုအောင်ဆန်းကို ဒီကမွေးခဲ့တယ်ဆိုတာ သိတယ်။ ကျွန်တော်တို့ ဒီနယ်မြေဟာ တစ်ချိန်လုံး အနှိမ်ခံခဲ့ရတဲ့ နယ်မြေ၊ တကယ်ကို ကျွဲတွေ နွားတွေလို အမောင်းခံခဲ့ရတဲ့ ကျောင်း သားတွေရဲ့ ဘူမိနက်သန်ဟာ နောက်ဆုံးသမိုင်း တစ်ပတ်လည် လာတဲ့ အခါမှာအမှန်တရားကပြန်ပြီး အောင်ပွဲခံပါတယ်။ 
 
ဒါကိုတော့ ကျွန်တော့်စိတ်ထဲမှာ ကျေနပ်အားရ အရှိဆုံးပါ။ သူမြင် တာတွေ ပြောသွားလည်း နားထောင်ရမှာပေါ့။ အမြင်တူတာ မတူတာတွေတော့ အများကြီး ရှိတာပေါ့။ သို့သော်လည်းပဲ ဒီမြန်မာနိုင်ငံဟာ တကယ်ကို မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက အားပေးနေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ရလိုက်တယ်။ ကျွန်တော်တို့ ရိုးရိုးသားသား ဆက်ပြီးတော့ လျှောက်ဖို့ပဲ လိုတယ်။ ပြီးတော့ နောက်ကြောင်း ပြန်ချင်တဲ့ သူတွေရဲ့အားနဲ့ ကျွန်တော်တို့နဲ့ အားပြိုင်ရမှာတွေတော့ ရှိပါတယ်။ ဒါကတော့ ဘယ်ခေတ်မှာမဆို အသွင်ကူးပြောင်းရေး ကာလတွေမှာ ကြုံရတဲ့ ကိစ္စတွေပါ။ 
 
ဘယ်လိုပဲပြောပြော ကမ္ဘာကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ အဲဒီအ
သိကို ရလိုက်တဲ့အတွက် ပြည်သူတွေအားလုံးလည်း ပိုပြီးတော့ အားရှိသွားမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု
တွလည်း တက်လာပါမယ်။ ကျွန်တော်တို့ ဘာကိုအဖြေရလိုက်လဲဆိုတော့ ဒီမိုကရေစီလိုချင်ရင် ကျွန်
တော်တို့ကိုယ်တိုင် ကျင့်ယူရမယ်ဆိုတာ ရလိုက်တယ်။ သမ္မတအိုဘားမားနဲ့ တွေ့ဖို့လာတဲ့ကိစ္စကို ကျွန်တော့်ကို မီဒီယာတစ်ခုက အင်တာဗျူးမှာ ပြောပါတယ်။ ဘွဲ့ရ၀န်ထမ်းတွေကိုသွားပြီး အင်တာဗျူး လုပ်တာပါ။ တစ်ချို့က ရဲရဲတင်းတင်း မဖြေရဲဘူး။ ၀န်ထမ်းတွေ ဖြစ်နေလို့တဲ့။ 
 
အစိုးရ၀န်ထမ်းတင်မက ကုမ္ပဏီဝန်ထမ်းတောင် မဖြေရဲဘူး။ အဲ့ဒါဆိုရင် ဒီမိုကရေစီရဖို့ သိပ်ခက်သွားလိမ့်
မယ်။ အငြင်းပွားစရာမရှိတဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုကို ရဲရဲတင်းတင်း ဖြေကြဖို့လိုတယ်။ ဘယ်သူတွေက သတ္တိရှိလဲဆိုတော့ တက္ကစီသမားတွေ၊ ခေါင်းရွက် ဗျက်ထိုးဈေးသည်တွေက ရဲရဲဝံ့ဝံ့ပြောရဲတယ်။ 
 
အဲဒီလို ရဲရင့်မှုမျိုးဟာ ပညာတတ်အသိုင်းအ၀ိုင်းမှာ ရှိဖို့လိုပါတယ်။ ပညာတတ်တွေက ဦးဆောင်ရမယ့်အ
စား စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကိုယ့်ကိုကိုယ် ကိုယ်လေးကျုံ့ထားတာ မမြင်ချင်တော့ဘူး။ ရင်ကော့ပြီးတော့ အရာရာကို ရင်ဆိုင်တာမျိုး ဖြစ်စေချင်ပါတယ်။

0 မှတ်ချက်များ for "အိုဘားမား မိန့်ခွန်းအပေါ် မင်းကိုနိုင်၏ သဘောထားအမြင်နှင့် အနာဂါတ်မြန်မာ့ ဒီမိုကရေစီ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++