အမေရိကန်တက္ကသိုလ်များသို့ တက်ရောက် နိုင်မည့် ပညာရေး လမ်းကြောင်းများ ထွက်ပေါ်

အမေရိကန်တွင် ပညာ သင်ကြား လိုသည့် ကျောင်း သူ၊ ကျောင်း သားများ အနေဖြင့် တက္ကသိုလ်များသို့
တိုက်ရိုက် လျှောက်ထား နိုင်သည့် ပညာရေးလမ်း
ကြောင်း သစ်များကို ရွေးချယ်လျှောက် ထား နိုင်ပြီး အဆိုပါ ပညာရေးလမ်း ကြောင်းများမှ တစ်ဆင့်
လျှောက် ထားပါက ၁၀ တန်းဖြေဆိုအောင် မြင်ပြီးသူ များ အတွက် SAT ရမှတ် များ တင်ပြစရာ မလိုဘဲ
ကျောင်းဝင် ခွင့် လျှောက်ထားနိုင်ကာ Post Graduateပညာရေး လမ်းကြောင်း များမှ တစ်ဆင့်
လျှောက်ထားပါ ကလည်း GRE/GMAT ရမှတ်များ တင်ပြစရာမလိုဘဲ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်များသို့ လျှောက်ထား ဝန်ဆောင် မှုပေးသည့် CROWN Education မှ တာဝန်ရှိသူတစ်ဦး မှ ပြောကြားသည်။

မြန်မာကျောင်းသားများ အ နေဖြင့် အမေရိကန်တက္ကသိုလ် ကောလိပ်များသို့ လျှောက်ထားရာ တွင် တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားခြင်း၊ ပုဂ္ဂလိက ကောလိပ်များသို့ လျှောက်ထား ခြင်းနှင့် ကွန်မြူနတီ(အစိုးရ) ကော လိပ်များသို့ လျှောက်ထားခြင်းဟူ၍ ခွဲခြားနိုင်သည်။

တက္ကသိုလ်များသို့ လျှောက် ထားရာတွင် နိုင်ငံတကာကျောင်းသားများအတွက် အထူးစီစဉ်ထား သည့် အမေရိကန်တက္ကသိုလ်များ ၏ ပထမနှစ် (Freshman)နှင့် ညီမျှသော University Pathway Program (UPP) သို့ တိုက်ရိုက် လျှောက်ထားတက်ရောက်နိုင်ပြီး အဆိုပါ ပညာရေးလမ်းကြောင်း မှတစ်ဆင့် တက္ကသိုလ် ဒုတိယနှစ် (Sophmore)၊ တတိယနှစ် (Junior) နှင့် စတုတ္တနှစ် (Senior) တက်ရောက်ကာ ဘွဲ့ရယူနိုင်ပါ သည်။

အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားရန်စရိတ် တစ်နှစ် လျှင် ဒေါ်လာနှစ်သောင်းကျော် ကုန်ကျနိုင် သည်။ အမေရိကန်ရှိ ပုဂ္ဂလိက ကောလိပ် များသည် အစိုးရ ထောက်ပံ့ ကြေးများဖြင့် လည်ပတ်သည့် ကျောင်းများမဟုတ်သဖြင့် ကျောင်း လခ အပါအဝင် နေထိုင်စား သောက်စရိတ် စုစုပေါင်း တစ်နှစ် လျှင် ဒေါ်လာ ၄ သောင်း မှ ၅ သောင်း အထိ ကုန်ကျလေ့ရှိ သည်။

ပညာရေး ထူးချွန်မှု မှတ် တမ်းများ တင်ပြနိုင် သည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် (ဥပမာ ၁၀ ကို ထူးချွန်စွာ အောင်မြင်ခြင်း၊ iGCSE ရမှတ်များ ကောင်းခြင်း) TOEFL သို့မဟုတ်IELTS တစ်ခုခု ရမှတ်ကောင်း တင်ပြခြင်း၊ SAT (I &II) ရမှတ်များ တင်ပြခြင်းဖြင့် ပညာ သင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းအထိ လျှောက် ထားနိုင်သည်။

အစိုးရ ကောလိပ်များဖြစ် သော ကွန်မြူနတီ (Community College) ခေါ် ဂျူနီယာကောလိပ် (Junior College) များသို့ လျှောက် ထားရာတွင် ၂ နှစ်တက် ရောက်ပြီး Associate Degree အဖြစ်ရရှိ နိုင်ကာ အချို့သော ကော လိပ်များ အနည်းငယ်သာ ၄ နှစ် ဒီဂရီ လေ့လာသင်ယူနိုင်သည်။

အဆိုပါ ကောလိပ်များမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏အထောက်အပံ့ရရှိသဖြင့် တစ်နှစ် ကုန်ကျ စရိတ်ဒေါ်လာ (၇၀ဝ၀- ၈၀ဝ၀) ခန့်သာ ကုန်ကျနိုင်ပြီး ကျောင်းများ လျှောက်ထားရာတွင် SAT ရမှတ်များ တင်ပြရန်မလို အပ်ပါ။

အမေရိကန် ကျောင်းဝင်ခွင့် များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှ တာဝန် ရှိသူများနှင့် အသေးစိတ်တိုင်ပင် ဆွေးနွေးနိုင်ရန် CROWN Education မှ စီစဉ်ပေးလျက်ရှိပြီး CROWN Education ဖုန်းနံပါတ် ဝ၉-၇၃၂၇၃၂၇၇ နှင့် ဝ၉- ၅၀၈၅၁၈၅ တို့တွင် ဆက်သွယ် စုံစမ်းနိုင်ပါသည်။

0 မှတ်ချက်များ for "အမေရိကန်တက္ကသိုလ်များသို့ တက်ရောက် နိုင်မည့် ပညာရေး လမ်းကြောင်းများ ထွက်ပေါ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++