ရှမ်းပြည် မြောက် ပိုင်းဒေသမှာ UNFC အဖွဲ့ဝင် ၃ ဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

သွးစည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ကြတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင် (ပလောင်) ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (TSLA)နှင့် ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSA) ပူးပေါင်းတပ်ဖွဲ့သည် အစိုးရတပ် ခမရ (၅၀၁)၊ ခလရ (၁၄၄) ပူးပေါင်းစစ်ကြောင်းနှင့် နမ့်ခမ်း-ကွပ်ခိုင်မြို့ နယ်ကြားရှိ စယ်နေကျေးရွာအနီးမှာ ယမန်နေ့ (၉) နာရီတွင် တိုက်ပွဲဖြစ်ကြောင်း သိရသည်။ 

တအာင် (ပလောင်) ပြည်တ်မြောက်ရေးတပ်မတော်ပြောခွင့်ရ မိုင်ဖုန်းကျော်က “ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့အချိန်မှာ အစိုးရစစ်ကြောင်းက နောက်ကနေ လိုက်လာလို့တိုက် ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့်ကြာ သွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရဖက်က (၃) ဦး သေပြီး (၈) ဦး ဒါဏ်ရာရတယ်လို့  မိုင်းဝီးဆေးရုံ မှာ တွေ့ကြတယ်လို့ မျက်မြင် ရွာသားတွေက ကျနော်တို့ကို ပြောပါတယ်” ဟု ဆိုပါသည်။

တိုင်းရင်းသား တပ်ပေါင်းစု တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ဒေသတခွင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရစစ်ကြောင်းတို့က နောက်ယောင်ခံ လိုက်လာ သောကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့များသည် မန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ နမ်းခမ်းမြို့နယ်ထဲ ဒေသထဲတွင် တပ်ရင်း (၁၀) ရင်း ထက်မနဲလှုပ်ရှားပြီး ဗျူဟာမှူးများမှာ မန်ဆန်း၊ မန်တုံနှင့် နမ်းခန်း (မိုင်းဝီ)၌ အခြေစိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIO)၊ တအာင် (ပလောင်) ပြည်လွတ်မြောက်ရေးတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေး တပ်မတော်တို့သည် သွေးစည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ကြပြီး (၁၁၂)  ကွတ်ခိုင်ဒေသ၊ (၂၅၆) က နမ့်ဆန် ဒေသ၊ (၃၆၇) မန်တုံဒေသ၊ (၄၇၈) နမ့်ခမ်း စတဲ့ဒေသတွင် ပူးပေါင်းလှုပ်ရှားနေသည်။

0 မှတ်ချက်များ for "ရှမ်းပြည် မြောက် ပိုင်းဒေသမှာ UNFC အဖွဲ့ဝင် ၃ ဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++