မိုးထိမိုးမိ ရွှေလုပ် သားများ အရေး ပြေလည်မှု မရရှိသေး

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း ခရိုင်၊ မိုးထိမိုး မိ ရွှေတွင်းလုပ်သားများအရေးနှင့်ပက်သက်၍ နိုင်ငံ ပိုင်သတင်းစာများနှင့်မီဒီယာများတွင်ဖော်ပြ နေ သကဲ့သို့ ပြေလည်မှု ရရှိသည် ဆိုသည်မှာ မဟုတ်
ကြောင်း အဆိုပါ ဒေသခံအလုပ်သမားများက မီဒီယာများသို့ ပြောကြားသည်။ 

၎င်းတို့ အင်းပိုင်ရှင်များ အနေဖြင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္မဏီနှင့် စမ်းသပ် ကာလ ၆ လ လက်တွဲ၍ အလုပ်လုပ်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ တွင် ခြောက်လသက်တမ်းကုန်ပြီဖြစ်သောကြောင့် ယခု အစုစားမဟုတ် တော့ပဲ ကုမ္မဏီလခစား အဖြစ် အလုပ်လုပ် နိုင်သည်ဟု ယင်းကုမ္မဏီက အကြောင်းကြားလာခဲ့ကြောင်း ၊မိမိတို့ သွေး၊ ချွေးများဖြင့် ရင်းနှီး၍ စိုက်ပျိုးထားသောအသီးအပွင့်ကို ပိုက်ဆံပေး၍ ဝယ်စားရသောအဖြစ်မျိုး မလိုချင် ကြောင်း အင်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးနိုင်ဝင်းက ပြောကြားသည်။ 

၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် အဆိုပါကုမ္မဏီနှင့် ရွှေတွင်းလုပ်သားများသည် ရွှေမြင်တင်စာချုပ်ကို သဘောတူညီချက် ခြောက်ချက်ဖြင့် ချုပ်ဆိုခဲ့သော်လည်း ကုမ္မဏီကတစ်ချက်မှ လိုက်လျောခြင်း မရှိကြောင်း၊ စာချုပ်အရ အင်းများတွင်ကျောက်ကြိတ်စက်များထားပေးမည်ဟု ဆိုသော်လည်း ရာသီဥ တု နှင့်လမ်းပန်းဆက်သွယ်ရေးကို အကြောင်းပြု၍ ထားပေးခြင်းမရှိကြောင်း၊ လခစားအလုပ်သမားများကို လုပ်ကိုင်ခွင့် ပြုထားသော နေရာတွင်လည်း ကုမ္မဏီအလုပ်သမားများ ဝင်ရောက်လုပ်ကိုင် နေကြောင်း၊ လခစား ဖြင့် ဆက်လက်မလုပ်ကိုင် လိုသော အလုပ်သမားများမှ နစ်နာကြေး တောင်းရာတွင်လည်း အချို့သာရကြောင်း အင်းပိုင်ရှင် ဦးရဲဝင်းထွဋ်က ပြောသည်။ 

တိုင်းဒေသကြီး စစ်ဆေးရေးအဖွဲ့များ တောင်ပေါ်သို့ လာရောက် စစ်ဆေးစဉ်က ကုမ္မဏီက ဆေးရုံ၊
ဆေးခန်း၊ ကြိတ်ခွဲရေး နေရာများ စသည်ဖြင့် ၄င်းတို့၏လုပ်ဆောင်မှု များကိုသာ ပြသခဲ့ကြောင်း၊ မိုးထိမိုး မိတောင် သည် ခြောက် ထောင့် တစ်ရာငါး ဧက ရှိသော်လည်း ၄င်းတို့ လိုက်ပြသည်မှာ တစ်မိုင်ပတ်လည် ပင် မရှိကြောင်း၊ တစ်တောင်လုံး ကို ပတ်၍ ထဲထဲဝင်ဝင်လာရောက် လေ့လာရန်လိုအပ်သဖြင့် မီဒီယာများ ကို ဖိတ်ခေါ်ကြောင်း အင်းဦးစီး တစ်ဦးဖြစ်သူ ဦးအောင်ဆွေမြင့် က အသိပေး ပြော ကြားသည်။ 

အဆိုပါ အလုပ်သမား များမှ နေ၍ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္မဏီရှေ့တွင် အောက်တိုဘာ ၂၉ရက်၊ နံနက် ၉ နာရီတွင် ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မိုးထိမိုးမိ အလုပ်သမားအရေး ILO နှင့် ဆက် သွယ် ဆောင်ရွက်သူများကွန်ယက်မှ ဦးသက်ဝေက ပြောကြားသည်။

 နောက်ဆုံးရရှိသော သတင်းများအရ ကုမ္ပဏီကို ထောက်ခံသော လုပ်သားများကလည်း ဆန္ဒဖော်ထုတ် ပွဲကို အောက်တိုဘာလ ၂၈၊ ၂၉ ရက်နေ့ များတွင်ပင် ပြုလုပ်ရန် ရှိကြောင်း ရမည်းသင်း ဒေသခံများထံမှ သိရသည်။ http://yoyarlay.com/local-news/u-local-news/31853-2012-10-28-03-18-12

0 မှတ်ချက်များ for "မိုးထိမိုးမိ ရွှေလုပ် သားများ အရေး ပြေလည်မှု မရရှိသေး "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++