လေတပ်အကြီးအကဲနှင့် ထိပ်တန်းခေါင်းဆောင်များ တရုတ် ပြောင်းလဲခန့်အပ်

တရုတ် နိုင်ငံသည် နိုဝင်ဘာ လတွင် ပြုလုပ်မည့် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ပိုင်း ပြောင်း လဲမှုမတိုင်မီ လေတပ်ဦးစီးချုပ်နှင့် အခြားစစ်ဘက် ဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်များကို အသစ် ခန့်အပ်ခဲ့ ကြောင်း အင်တာနက်သတင်း အရ သိရသည်။

တရုတ် နိုင်ငံ လေတပ်ဦးစီးချုပ်အဖြစ် ကြည်းတပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သူ မာရှောင်ထျန်းကို ခန့် အပ်ခဲ့သည်။ ၎င်းသည် ယခင်က ပြည်ပ နိုင်ငံ များနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို စီစဉ် ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်ဟု တရုတ်ဘဏ္ဍာရေးဆိုင်ရာ သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ် နိုင်ငံ၏ ဗဟို စစ်ကော်မရှင် ရုံးချုပ် အကြီး အကဲဟောင်း ဝမ်ဂွမ်ဇောင်းကို မာရှောက်ထျန်း၏ ယခင် ရာထူး နေရာ ဖြစ်သည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၏ ဒုတိယ စစ်ဦးစီး အရာရှိချုပ် အ ဖြစ် ခန့်အပ် ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ အနောက် တောင်ပိုင်းနှင့် တိဘက် ဒေသ အများစု ပါဝင်သည့် ချန်ဒူး စစ်ဒေသ အကြီး အကဲ အဖြစ် ဇူဖူစီကို ခန့်အပ် ခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for " လေတပ်အကြီးအကဲနှင့် ထိပ်တန်းခေါင်းဆောင်များ တရုတ် ပြောင်းလဲခန့်အပ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++