နိုင်ငံကူးလက်မှတ်များ ငါးနှစ်အထိ သက်တမ်း တိုးမြှင့်ပေးမည်

နိုင်ငံကူးလက်မှတ်များကို ငါးနှစ်အထိ သက်တမ်းတိုးမြှင့်ပေး
တော့မည်ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လာမည့်နိုဝင်ဘာ ၁ ရက်နိုင်ငံကူးလက်မှတ် လျှောက်ထားသူ များမှ စတင်၍ နိုင်ငံကူးလက်မှတ်ကို ငါးနှစ်ထိသက်တမ်း တိုးမြှင့်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း ယခင်ပုံမှန် အတိုင်းသာဖြစ်ကြောင်း အဆို ပါတာဝန်ရှိသူက ပြောသည်။

“အများပြည်သူတွေ အဆင်ပြေသက်သာစေချင်တဲ့ ရည်ရွယ် ချက်တွေနဲ့ အခုလိုလုပ်ရတာ ဖြစ်ပါတယ်။ ဒီလိုသက်တမ်း တိုးလိုက်လို့ နိုင်ငံကူး လက်မှတ်လျှောက်ထားတဲ့ကုန်ကျ စရိတ် ကတော့ အရင်အတိုင်း ပုံမှန်ပါပဲ။ သင်္ဘောသားပတ်စ်ပို့၊ အလုပ်သမားပတ်စ်ပို့တွေလဲ အကုန်လုံးငါးနှစ်သက်တမ်းဖြစ် သွားပါပြီ။ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားတဲ့ သူတွေအနေနဲ့လဲ လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အ လက်တွေကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန်တင်ပြဖို့ လိုအပ်တယ်”ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြော ကြားခဲ့သည်။

ယခင်က သင်္ဘောသား ပတ်စ်ပို့ ငါးနှစ်၊ အလုပ်သမားပတ်စ်ပို့ လေးနှစ်နှင့် အခြားပတ်စ်ပို့များမှာ သုံးနှစ် သက်တမ်းရှိရာမှ ယခုကဲ့သို့ ပတ်စ်ပို့အားလုံး ငါးနှစ်သက်တမ်းပေးလိုက်ခြင်းသည် နိုင်ငံတော်၏ ပွင့် လင်းမြင်သာပြီးအမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်လျှောက် ထားသူများက သုံးသပ်ပြောဆိုကြသည်။

“အခုလို ပတ်စ်ပို့သက်တမ်း အကုန်လုံးငါးနှစ်ဖြစ်တော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေ အကုန်လုံး အတွက် ပိုအဆင်ပြေသွားတာပေါ့။ ကုန်ကျစရိတ်ပုံမှန်ဆိုတော့ အစစအရာရာ အကုန်လုံးအဆင်ပြေ တယ်”ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူတစ်ဦးက ပြောသည်။

0 မှတ်ချက်များ for "နိုင်ငံကူးလက်မှတ်များ ငါးနှစ်အထိ သက်တမ်း တိုးမြှင့်ပေးမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++