အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ၁၃၀ နှုတ်ထွက်
ပါတီတွင်း မကျေနပ်မှုများကြောင့် ပုသိမ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၁၃၀ ကျော် အောက်တိုဘာ ၂၇ ရက်နေ့ စနေနေ့ က နှုတ်ထွက်သွားပါတယ်။
ပါတီထဲကို အခွင့်အရေးမျှော်ကိုးပြီးဝင်လာတဲ့အစိုးရ နဲ့နီးစပ်တဲ့လုပ်ငန်းရှင်များနဲ့ ပါတီဗဟိုနဲ့ နီးစပ်တဲ့ သူတွေက အနစ်နာခံလုပ်ကိုင်လာသူတွေကို နေ ရာမပေးတဲ့အတွက် နှုတ်ထွက်ရတာလို့  ပါတီကနုတ်ထွက်ခဲ့တဲ့ ဒေါက်တာ သန်းထိုက်က ပြောပါတယ်။
“ဗဟိုကတချို့လူကြီးတွေက အောက်က တင်တာကို မသိတာတွေရှိတော့ ဒါတွေကိုသိစေချင်တဲ့ မက်ဆေ့ခ်ျလဲ ပါပါတယ်။ အထက်လူကြီးတွေက တချို့က အနားက လူတွေပြောတာတွေကိုပဲ လိုက်လုပ်နေ မယ်ဆိုရင် ဒီလို မညီညွတ်တာတွေ၊ ကွဲပြားမှုတွေဖြစ်ပြီးတော့ ပါတီ ၂ ခြမ်းကွဲမယ့် ကိစ္စတွေဖြစ်လာနိုင် တယ်ဆိုတာကို အဓိက ပြောလိုပါတယ်။”
ဒီလို နှစ်ပေါင်းများစွာ တွဲလုပ်လာတဲ့ အဖွဲ့ဝင်တွေထွက်သွားတာကို စိတ်မကောင်းဘူးလို့ မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်တင်ဦးက ပြောပါတယ်။
ပုသိမ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား အရွေးချယ်ခံ ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်ကတော့ နှုတ်ထွက်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျနော်တို့က ခေါင်းဆောင်ကိုယ်တိုင်လည်း ရေဘေးကယ်ဆယ်ရေးသွားရင်းနဲ့ရှင်းပြပြီးပြီ။ ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်ဦးလည်း ရှင်းပြပြီးပြီ။ ရှင်းပြတဲ့ကြားက လက်မခံဘူးဆိုတော့လည်း စဉ်းစားကြည့်ပါ။”
နှုတ်ထွက်သွားသူတွေဟာ ပုသိမ်မြို့စကားဝါလမ်းမှာ စနေနေ့ မနက်က ပါလီအလံကို အလေးပြု ရုပ်သိမ်းခဲ့ပြီးတော့ ဆိုင်းဘုတ်တွေကို ပိတ်အဖြူနဲ့ကာလိုက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

http://burmese.dvb.no/archives/32429

0 မှတ်ချက်များ for "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ၁၃၀ နှုတ်ထွက်"