Time Stopper
ဒီ software လေးနာမည်ကတော့ Time stopper လို့
ခေါ်ပါတယ်။ ကျွန်တော်လို ငမွဲတွေအတွက်တော့
တော်တော်လေး အသုံးဝင်မယ် လို့ထင်ပါတယ်။
ခေါ်ပါတယ်။ ကျွန်တော်လို ငမွဲတွေအတွက်တော့
တော်တော်လေး အသုံးဝင်မယ် လို့ထင်ပါတယ်။
တချို့ software
တွေ ဆို ဒေါ်လာ ၉၀၀၀၊ ၁၀၀၀၀ လောက်ပေးရတယ်လေ။ အဲ့ဒါတွေကို
သုံးတော့သုံးခြင်တယ် ဝယ်ဆို ဝယ်မှ မဝယ်နိုင်တာ။
အဲ့ဒီတော့ အရင်က data base
ကို crack လုပ်ပြီး သုံး တယ်။ တခါတစ်လေကြရင် လည်း တိုင်ပါတ်နေရော crack
လုပ်ရတာ အဆင်မပြေတာတို့၊ firewall မှာပြီး block လုပ်ရတာကရှိသေးတယ်။
အခန့်မသင့်လို့ firewall မှာ block လုပ်ဖို့ မေ့ သွားပြီး ကိုယ့် စက်ထဲမှာ
ခိုးသုံးတာ သိသွားရင် တော့ ကြိုင်ကြိုင်တွေ ကွိုင်ကွိုင်တွေ တက်ပြီသာမှတ်။
ကျွန်တော်
တစ်လောက Autodesk Maya 2011 ကို ခိုးပြီး သုံးကြည့်တယ်။
တစ်လ
သက်တမ်းပြည့်ခါနီးကျတော့ ထုံးစံအတိုင်း crack file နဲ့ keygen သုံးပြီး Activated လုပ်လိုက် တယ်ပေါ့ ဗျာ
အဲ့ဒီအချိန်မှာ firewall မှာ block လုပ်ဖို့မေ့သွားတယ်။ တိုက်ဆိုင်တာဘဲလား
ဆောဖ်ဝဲလ်ကုမ္ပဏီက ဆုံးမလိုက်တာလားမသိဘူး။ စက်က virus စစ်တော့လည်းမရှိ
ဂကျိုးဂဂျောင် တွေ ဖြစ်သွားရော နောက်ဆုံးတော့ OS ပါအသစ်ပြန်တင်လိုက်ရတဲ့
ဘဝပါရောက်သွားတယ် အဲ့ဒီတော့မှ ဘဲ အဆင်ပြန်ပြေသွားတော့တယ်။
အခု Time stopper ဆိုတဲ့ software လေးကတော့ trial version ကို back
ပြန်ခေါ်ပြီး သုံးတာဖြစ်ပါတယ်။ software တိုင်း လိုလိုမှာ trial version
ဆိုတာရှိပြီးသားပါ။ trial versionဆိုတာကလဲ အများသောအားဖြင့်တော့ ရက်ပေါင်း
၃ဝ (တစ်လ) သာပေးတာများပါတယ်။ တချို့ဆို ၃ ရက်တော့
တစ်ပါတ်တို့ပေးတာတောင်ရှိသေး တယ်။ သုံးလို့ အဆင့်ပြေခါစရှိသေးတယ်
သက်တမ်းကုန်းပြီး ဝယ်ပါ ဆိုတာချည်း လာပြောပြီး ပြောနေသလို
ဆက်လည်းသုံးမရတော့ဘူး။ ဝယ်ဖို့ဆိုတာကလည်းသိတဲ့အတိုင်းဘဲလေ နှစ်ဆယ်သုံးဆယ်မှ
မကတာ ဒီတော့ software ကို မဝယ်နိုင်တဲ့ ကျွန်တော်လို့ ငမွဲတွေကတော့ ဒီ
software နဲ့ ရက်ပေါင်း ၃ဝ ပြည့်ခါနီးရင် အနောက်က date ကို ပြန်ခေါ်လိုက်
ဆက်သုံးလိုက် .. နောက်ပြည့်ခါနီးရင် အရင်ကလိုဘဲ ပြန်ပြီး အရင် date ကို
ပြန်ခေါ်လိုက်သုံး အမြဲတမ်းသုံးသွားလို့ရပါတယ်။ အားလုံး အတွက်လည်း
အသုံးတည့်မယ် လို့ထင်ပါ တယ်။
အသုံးပြုပုံကလည်း လွယ်ပါတယ်။ ကိုယ်
install လုပ်ထားတဲ့ နေရသွားပြီး software ရဲ့ .exe file ကို ရွေးပြီး
အောက်က choose the new date ကိုရွေးပေးလိုက်ပါ။ ပြီးရင် create desktop short-cut မှာ ကိုယ်ကြိုက်တဲ့နာ မည်ပေးပြီး short-cut လုပ်လိုက်ရင် ပြီးပြီး။
အောက်က choose the new date ကိုရွေးပေးလိုက်ပါ။ ပြီးရင် create desktop short-cut မှာ ကိုယ်ကြိုက်တဲ့နာ မည်ပေးပြီး short-cut လုပ်လိုက်ရင် ပြီးပြီး။
Time stopper software ဒေါင်းလုပ် ကတော့ ဒီမှာ ယူလိုက်ပါ


0 မှတ်ချက်များ for "Time Stopper"