စာသင်ကျော င်းမြေ ရောင်းချမှု ဓမ္မသတ်ရွာ ဥက္ကဌဟော င်း ငြင်းဆို

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာ မူလတန်းစာသင်ကျောင်းမြေအချို့ ရောင်းချခဲ့ သည့် ကိစ္စတွင် မိမိပါဝင်ပတ်သက်ခဲ့ခြင်း မရှိဟု ယခင် ဥက္ကဌဟောင်း ဦးထွန်းလင်းက ငြင်းဆိုလိုက်သည်။

ဦးထွန်းလင်းက “ဒီစာသင်ကျောင်းမြေ အချို့ကို
ကျောင်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် နဲ့ ငွေကျပ် ၁၉၃ သိန်းရောင်းချလိုက်ပြီး အလယ် တန်းကျောင်းဆောင်သစ်ကို ဆောက်ခဲ့တာပါ၊ 
ကျနော်က ရွာဥက္ကဌ တစ်ယောက် အနေနဲ့ ဒီအကြောင်းတွေကိုသိခဲ့ရပါတယ်၊ ဒါပေမယ့် တိုက်ရိုက်ပတ်သက် တာတော့မဟုတ်ဘူး” ဟု ပြောသည်။

၎င်းစာသင်ကျောင်းမြေရောင်းဝယ်ခဲ့သည့်ကိစ္စအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ ယခင်မွန်ပြည်နယ် ပယက အဖွဲ့နှင့် လက်ရှိမွန်ပြည်နယ်အစိုးရတရားလွတ်တော်တွင်လည်း စစ်ဆေးခံခဲ့ရပြီး မိမိတွင် အပြစ်မရှိ၍သာ အရေးယူမခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။

၎င်းကျေးရွာဥက္ကဌတာဝန်ယူနေစဉ် ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလလတွင် စာသင်ကျောင်း မြေကိစ္စနှင့် ပတ်သက် ၍ စတင်စစ်ဆေးခံခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကျေးရွာဥက္ကဌမှ အနားယူခဲ့ခြင်းဖြစ် သည်။

၎င်းစာသင်ကျောင်းမြေကိစ္စတိုင်ကြားသူ ၅ ဦးအနက် အကြောင်းအရာခိုင်လုံမှုမရှိဟု ကျိုက်မရောမြို့နယ် တရားရုံးကအမှုဆုံးဖြတ်ပြီး ဓမ္မသတ်ရွာသား ဦးစိုးသိန်းအား အသရေဖျက်မှု၊ ပုဒ်မ ၅၀ဝ အရ အလုပ်မဲ့
ထောင်ဒဏ် ၆ လကျခံစေရန် ယခုလ ၂ ရက်နေ့တွင် စီရင်ချက်ချခဲ့ကြောင်း ဓမ္မသတ်ရွာသား မင်းစိုးမြင့် က ပြောသည်။

ယခုအခါ မော်လမြိုင်ခရိုင်တရားရုံးသို့ ဆက်လက်အယူခံဝင်ခဲ့ရာ လာမည့်နိုဝင်ဘာ ၁ ရက်နေ့တွင် စီရင် ချက်ချမည်ဟုသိရသည်။

ဦးစိုးသိန်းအား အသရေဖျက်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် မကြေနပ်ဖြစ်ကြသော ဓမ္မသတ် ရွာသားများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျိုက်မရောတရားရုံးရှေ့၌ ဆန္ဒပြခွင့်တောင်း ဆိုခဲ့ရာ ရဲစခန်း ကခွင့်မပြုခဲ့ပေ။

ဆန္ဒပြလှုပ်ရှားသူ ဓမ္မသတ်ရွာသားမင်းစိုးမြင့်က “ဒီနှစ်ဖက်ဖြစ်နေတဲ့ပြဿနာတွေ ပြေလည်ပြေအေး
ကြစေဖို့  ကြားအဖွဲ့တစ်ဖွဲ့က ကမ်းလှမ်းထားတာရှိတယ်၊ ဆွေးနွေးဖြစ်တဲ့အခါမှ ထပ်ပြောမယ်” ဟု ပြော သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရ တက်လာသည့်ကာလတွင် မြေယာပြဿနာ တိုင်ကြားမှု ပိုမိုများပြားလာကြောင်း သတင်းမီဒီယာဖေါ်ပြချက်အရ သိရသည်။
http://burmese.monnews.org/?p=5642

0 မှတ်ချက်များ for "စာသင်ကျော င်းမြေ ရောင်းချမှု ဓမ္မသတ်ရွာ ဥက္ကဌဟော င်း ငြင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++