ဖခင်ရဲ့မျက်နှာကိုမထောက်ဘဲ အမျိုးသားရေးကို သစ္စာဖောက်ခဲ့သူ
မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်၊ပုဂံမင်းလက်ထက်တွင် နယ်ချဲ့အင်္ဂလိပ်တို့နှင့်မြန်မာတို့သည် ဒုတိယအကြိမ် စစ်ပွဲဖြစ်ပွားခဲ့သည်။
ထိုခေတ်ထိုကာလတွင် နယ်ချဲ့တို့ ကျူးကျော်ရန်စမှုကို ငုံ့မခံဘဲ စွမ်းစွမ်းတမံ တွန်းလှန်တိုက်ပွဲဝင် ခဲ့ကြ သည့် မျိုးချစ်မြန်မာ့အာဇာနည် သူရဲကောင်းများလည်း ပေါ်ထွက်ခဲ့သည်။ လက်နက်ချင်း မည်မျှကွာခြား သည်ဖြစ်စေလက်ရုံးရည် နှလုံးရည်နှင့် ပြည့်ဝကုန်ကြသော မြန်မာစစ်သည်တို့အား နယ်ချ့အင်္ဂလိပ်တို့ အနေဖြင့် အလွယ်တကူ အောင်ပွဲမခံနိုင်ချေ။
မျိုးချစ်သူရဲကောင်းကြီးမဟာဗန္ဓုလဆိုလျှင်အင်္ဂလိပ်ဗိုလ်ချုပ်ကြီးများကပင် လေးစားခံ့ညား ကြောက်ရွံ့ခဲ့ကြ
သည်။ စစ်သူကြီးမဟာဗန္ဓုလနှင့် မြ၀တီမင်းကြီးဦးစတို့ပူးပေါင်းတိုက်ခိုက်ခဲ့သော ပန်းဝါတိုက်ပွဲဆိုပါက ရာဇ၀င်တွင်ရစ်စရာနယ်ချဲ့တို့အပေါ် အကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့သည့် တိုက်ပွဲတစ်ပွဲပင် ဖြစ်ပါသည်။
နယ်ချဲ့အင်္ဂလိပ်နှင့်မြန်မာတို့ ဒုတိယအကြိမ်စစ်မက်ဖြစ်ပွားကြလေသော် ပုဂံမင်းသည် မင်းလှမဟာ မင်းခေါင်ရာဇာဘွဲ့ခံသုံးဆယ်ဝန်ကြီးကိုခေါ်ယူခဲ့သည်။
ထို့နောက် လက်နက်ကိုင်စစ်သည်အင်အား နှစ်သောင်း(၂၀၀၀၀)ခန့် ဖြည့်ဆည်းလျက် နယ်ချဲ့အင်္ဂလိပ် တို့ကို ကြိုတိုက်ခိုက်ရန် ရန်ကုန်သို့ စေလွှတ်ခဲ့သည်။ ထိုတွင် သမိုင်းတွင် အရုပ်ဆိုးအကျည်းတန် လှသော ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့တော့သည်။
အကြောင်းမူ သုံးဆယ်ဝန်ကြီးမင်းလှမဟာမင်းခေါင်ရာဇာသည် နယ်ချဲ့တို့အားတိုက်ခိုက်ရန် မ၀ံ့ဘဲ တိုင်း တပါးနယ်ချဲ့လက်အောက်သို့ခိုဝင်ကာ သစ္စာခံသွားခဲ့သည်။ အမိမြန်မာနိုင်ငံတော်အပေါ် အမျိုးသားရေး သစ္စာဖောက်လိုက်ခြင်းဖြစ်သည်။
ထိုသတင်းကိုကြားရသူတိုင်း ရင်ထုမနာဖြစ်ကြသည်။ ဒေါသကြီးစွာထွက်ကြသည်။ အကြောင်းမူ သုံးဆယ်ဝ န်ကြီးမှာ အခြားသူမဟုတ်၊ နယ်ချဲ့အင်္ဂလိပ်တို့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ ထိတ်လန့်ကြရသည့် မျိုးချစ် သူရဲကောင်းမဟာဗန္ဓုလ၏သားရင်းစစ်စစ်ဖြစ်နေသောကြောင့်ပါတည်း။
ဖခင်က မျိုးချစ်ဇာနည်၊ သားကအမျိုးသားသစ္စာဖောက်၊ အံ့သြလောက်ဖွယ်ပင်။

ကိုးကားချက်(မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များ၁၀၀)
နန္ဒကျော်စွာ။

0 မှတ်ချက်များ for "ဖခင်ရဲ့မျက်နှာကိုမထောက်ဘဲ အမျိုးသားရေးကို သစ္စာဖောက်ခဲ့သူ"