တချိန်တုံးက အတိုက်အခံ (သို့မဟုတ်) ဒေါင်းတောင်ကျွတ် ကျီး

အသံကောင်းလွှင့်တဲ့ သူကလွှင့်
မဖြစ်နိင်တာကို လူကြားကောင်းအောင်ပြောတဲ့သူက ပြော
ဇာတိဖော်သူက ဖော်
ပေါ်သူက ပေါ်နဲ့
နိုင်ငံတော်နဲ့ ပြည်သူကို ချစ်ပါတဲ့ဆိုတဲ့
သူရဲကောင်း (အယောင်ဆောင်)တွေ။

နေမမြင့်ပဲ အရူးရင့်နေကြ
နေမဝင်ခင် ဗီဇတွေ တွင်တွင်ပြကြ။
အခုတော့
သူတော်ကောင်းတွေ ဝတ်ရုံခွာချနေလိုက်ကြတာ။
သားရေနားကို စားလိုစား
ကိုင်းဖျားကို ခုတ်သူက ခုတ်
ယုတ်မာခြင်းတွေ ပုတ်စော်နှံလို့။
အိတ်ဖောင်းလို့ စိတ်ပြောင်းသူက ပြောင်း
ဗိုက်ကားလို့ မှောက်လျားကျသူက ကျ
လိုတရခဲ့တာတွေ
သေတောင်မှ ငရဲကိုဒုက္ခပေးမယ့်သူ
လူဖြစ်တဲ့ရက်တွေမှာ
အသက်ကို ဝအောင်ကျွေးထားဦးပေါ့။

0 မှတ်ချက်များ for "တချိန်တုံးက အတိုက်အခံ (သို့မဟုတ်) ဒေါင်းတောင်ကျွတ် ကျီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++