ဝ.၄ ရာခိုင်နှုန်းအထိ စီးပွားရေး ကျဆင်းသည်ဟု စပိန်အစိုးရ ဌာနများမှ သတင်းထုတ်ပြန်

စပိန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် ယခုနှစ် တတိယ သုံးလပတ်အတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး နိုင်ငံ၏ GDP သည် သုည ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟု စပိန်အစိုးရဌာနများမှ ထုတ်ပြန်သော အစီရင်ခံစာများအရ သိရသည်။

စပိန်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်မှစ၍ ကျဆင်းခဲ့ရာ ယခုအချိန်အထိ ကျဆင်းနေဆဲ ဖြစ်ကြောင်းနှင့်
နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ ဦးရေနှုန်းမှာ ၂၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဟုသိရသည်။

ယခုအချိန်တွင် စပိန်နိုင်ငံသည် နိုင်ငံအတွင်းရှိ ဘဏ်များ၏အခြေအနေ၊ ကျယ်ပြန့်လာသော စီးပွားရေး ကျဆင်းမှုများနှင့်ပတ်သက်၍ ဈေးကွက်အတွင်း၌ စိုးရိမ်ပူပန်မှုများ ကြုံတွေ့ရလျက်ရှိသည်။ 


ယင်းကဲ့သို့ စိုးရိမ်ပူပန် နေရသည့် ကြားမှ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာမူဝါဒများနှင့် လမ်းကြောင်း မှန်ပေါ် ပြန်လည် ရောက်ရှိရေးအတွက် အစိုးရအဖွဲ့သည် ရုန်းကန်ရလျက်ရှိကြောင်း သိရသည်။ 

0 မှတ်ချက်များ for "၀.၄ ရာခိုင်နှုန်းအထိ စီးပွားရေး ကျဆင်းသည်ဟု စပိန်အစိုးရ ဌာနများမှ သတင်းထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++