အာဆီယံ ပညာသင်ဆုနဲ့ အေစတား ပညာသင်ဆုကို မြန်မာကျောင်းသား ၄ဦးရရှိ
စင်ကာပူအစိုးရကပေးအပ်တဲ့ ၂ဝ၁၃ ခုနှစ် အာဆီယံပညာသင်ဆုကို
မြန် မာကျောင်းသား၊ ကျောင်းသူ သုံးဦး နဲ့ အေ စတားမြန်မာလူငယ်ပညာ သင်ဆုကို
မြန်မာကျောင်းသူတစ်ဦး ရရှိပါတယ်။
အာဆီယံပညာသင်ဆုကို မောင်အောင်ဟိန်းထူး၊ မောင်မင်းသန့်နဲ့
မဆုမြတ်နိုင်တို့ရရှိသွားပြီး စင်ကာပူ အစိုးရရဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့
သိပ္ပံ၊ နည်းပညာနဲ့ သုတေသန (A*STAR) ကပေးအပ်တဲ့ ပညာသင်ဆုကို
မငွေစင်ကရရှိသွားပါတယ်။
အာဆီယံပညာသင်ဆုဟာ အာဆီယံနိုင်ငံတွေက လူငယ်အချင်းချင်း
ကူးလူးဆက်ဆံနိုင်ဖို့နဲ့ ၎င်းတို့ရဲ့ အ ရည်အချင်းတွေကို ဖွံ့ဖြိုးအောင်
အခွင့်အလမ်းတွေပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ပညာသင် ဆုတွေ ကို ရွေးချယ်ရာမှာ
ပညာထူးချွန်မှု၊ ခေါင်းဆောင်မှုအရည်အသွေးနဲ့မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်
ရေးမှာ ပါဝင်သွားဖို့ အလားအလာရှိတဲ့အပေါ် အခြေခံရွေးချယ်သွားတာ ဖြစ်ပါတယ်။
ပညာသင်ဆု ရရှိသွားတဲ့သူတွေက စင်ကာပူကျောင်းတွေမှာ Secondary 3 အဆင့်ကနေ
သင်ယူရမှာ ဖြစ် ပါတယ်။ Secondary 4 ပြီးရင် GCE O အဆင့်စာမေးပွဲကို
ဖြေဆိုကြရမှာပါ။ တက္ကသိုလ်အကြို အဆင့် ၂ အပြီးမှာ GCEA အဆင့် သို့မဟုတ်
၎င်းရဲ့ညီမျှတဲ့ စာမေးပွဲကို ဖြေဆိုကြရမှာဖြစ်ပါတယ်။ GCEA အလားတူ စာမေးပွဲမှာ
အမှတ်ထူးချွန်သူတွေက ဘွဲ့ကြိုသင်တန်းတွေကို စင်ကာပူအမျိုးသား တက္ကသိုလ်
သို့မဟုတ် နန်ယန်းနည်းပညာတက္ကသိုလ် သို့မဟုတ် စင်ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ်
သို့မဟုတ် စင်ကာပူနည်းပညာနဲ့ ဒီဇိုင်း တက္ကသိုလ်တို့မှာ ပညာသင်ဆုတွေနဲ့
ဆက်လက်ပညာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
အာဆီယံပညာသင်ဆု လျှောက်ထားပုံနဲ့ ရွေးချယ်ပုံအဆင့်ဆင့်ကို
အာဆီယံပညာသင်ဆုရရှိတဲ့ မဆုမြတ်နိုင်ရဲ့ မိခင်ဒေါ်စန်းစန်းဝေက
အခုလိုရှင်းပြပါတယ်။
၂ဝ၁၃ အာဆီယံပညာသင်ဆုကို ပညာရေးဝန်ကြီးဌာနကပေးတဲ့ ပြည်နယ်၊ တိုင်းဒေသကြီး
အထက်တန်း ပညာသင်ဆု ရရှိသူတွေထဲက အမှတ်အများဆုံးရရှိတဲ့သူတွေကို
စင်ကာပူသံရုံးက တာဝန်ယူပြီး စင်ကာပူ အမ်အိုအီးက လာရောက်စစ်ဆေးတဲ့သင်္ချာ၊
အင်္ဂလိပ်စာ၊ အထွေထွေ စွမ်းဆောင်ရည် သုံးဘာသာစာမေးပွဲ ကိုဖြေဆိုရပါတယ်။
ဖြေဆိုသူ ၉၅ ဦးထဲက ၁၇ ဦးကို အင်တာဗျူး ဖြေဆိုဖို့ ရွေးချယ်ပြီး စက်တင်ဘာ ၁၈
ရက်နေ့က ဖြေဆိုရပါတယ်။ အဲသည် ၁၇ ဦးထဲက သုံးဦးကို စက်တင်ဘာ ၂၇ ရက်နေ့က
အပြီးသတ်ရွေး ချယ်ပါတယ်။ အောက်တိုဘာ ၃ဝ ရက်နေ့မှာ ပညာသင်
ဆုရရှိသူအားလုံးပေါင်းလေးဦးဟာ စင်ကာပူကို သွားရောက်ရမှာ ဖြစ်ပါတယ်။
'ငယ်ငယ်ကတည်းက အင်္ဂလိပ်စာအရေး၊ အဖတ်၊ အပြော၊ နားထောင်
လေးမျိုးကိုလုပ်ထားတော့ ရုတ်တ ရက် အခုလို အခွင့်အရေးပေါ်လာတဲ့အခါ
အဆင်ပြေတာပေါ့၊ အသက်ငယ်ငယ်နဲ့ ကျောင်းအတွက်၊ နိုင်ငံအ တွက်၊ မိဘအတွက်
ကြိုးစားသွားတာကို မိဘတစ်ယောက်အနေနဲ့ သူ့အတွက် ဝမ်းသာတယ်၊ ဂုဏ်ယူ တယ်၊
ကျေးဇူးတင်တယ်' လို့ ဒေါ်စန်းစန်းဝေက ပြောပါတယ်။
စင်ကာပူသံအမတ် မစ္စတာရောဘတ်ချောင်က 'ပညာသင်ဆုရသူလေးဦးအတွက်
ကျွန်တော့်အနေနဲ့ အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်၊ သူတို့ရဲ့မိဘနဲ့ဆရာ၊
ဆရာမတွေအတွက် ဂုဏ်ယူစရာတွေ ဖြစ်တယ်၊ ဒီနှစ်လျှောက်ထားသူတွေထဲမှာ
အခုပညာသင်ဆုရတဲ့ လေးဦးကရွေးချယ်ရေးအဖွဲ့က အထင်ကြီးလောက် တဲ့ ပညာရေးရလဒ်တွေ၊
ခေါင်းဆောင်မှုအရည်အသွေးတွေ၊ မိမိနိုင်ငံတိုးတက်ရေးမှာ
ပါဝင်သွားဖို့ဆန္ဒတွေ ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်တယ်' လို့
ပညာသင်ဆုပေးအပ်တဲ့ အခမ်းအနားမှာ ပြောသွားပါတယ်။
ပညာရေးနယ်ပယ်တွေအပြင် စင်ကာပူနိုင်ငံဟာ စင်ကာပူပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ မြန်မာ အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေမှာ
နည်းပညာပိုင်းဆိုင်ရာအကူအညီတွေကို ပေးအပ်လျက် ရှိပါတယ်။
မြန်မာအစိုးရဝန်ထမ်းတွေအတွက် သူတို့လုပ်ငန်းခွင်နဲ့ သင့်လျော်တဲ့
နယ်ပယ်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ ထုတ်ကုန်တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ သင်တန်းတွေကို ပို့ချပေးနေပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ၂ဝ၁၂ ဇန်နဝါရီ စင်ကာပူခရီးစဉ် အတွင်း
စင်ကာပူ-မြန်မာနည်းပညာဆိုင်ရာ နည်း ပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အတွက်
နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြသည်။ အဲသည်စာချွန် လွှာမှာ အဓိကနယ်ပယ်
သုံးခုဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးရာ စီမံခန့်ခွဲမှုတွေ အထောက်အပံ့ ပေးသွားဖို့
သဘောတူညီခဲ့ကြတယ်လို့ မစ္စတာ ရောဘတ်ချောင် က ပညာသင်ဆု ပေးအပ်တဲ့ အခမ်းအနားမှာ
ပြောသွားပါတယ်။
အခုချီးမြှင့်တဲ့ ပညာသင်ဆုတွေက စင်ကာပူနဲ့ မြန်မာအစိုးရကြား
ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု ရဲ့ အစိတ်အပိုင်းတစ်ခု
ဖြစ်တယ်လို့ ဆိုတယ်။
အခုပေးအပ်တဲ့ ပညာသင်ဆုနှစ်မျိုးမှာ ကျောင်းလခ၊ နေစရိတ်၊ စားစရိတ်နဲ့ လေယာဉ်စရိတ်တွေ ပါဝင် တယ် လို့ သိရပါတယ်။


0 မှတ်ချက်များ for "အာဆီယံ ပညာသင်ဆုနဲ့ အေစတား ပညာသင်ဆုကို မြန်မာကျောင်းသား ၄ဦးရရှိ"