ဒေါ်လာသန်း(၈၀) အပစ်ခတ်ရပ် တိုင်းရင်းသားဒေ သတွင်သာ ရည်ရွယ်
“ကျနော်တို့ဟာ
စီးပွားရေး အဖွဲ့အစည်း ဖြစ်တဲ့အ တွက် နိုင်ငံရေးမှာ ပါမှာမဟုတ်ပါဘူး။
ဘာလုပ်မလဲ ဆိုတော့ CDD လိုမျိုး အစီအစဉ်တွေကို အပစ်ရပ်ထားတဲ့နေရာတွေမှာ
လုပ်ပါမယ်။ အဲဒီဒေသက ပြည် သူတွေက ရွေးချယ်ရပါလိမ့်မယ်။ CDD နဲ့တော့တူမယ်။
ဒါပေမယ့် အဲဒီအစီအစဉ်လုပ်ဖို့ အပစ်အခတ် ရပ်စဲထားတဲ့နေရာ ဖြစ်ရပါမယ်” ဟု
မစ္စတာ ခန်သန်ရှန်ကာက မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့်
တွေ့ဆုံစဉ်ပြောခဲ့သည်။
မြန်မာနိုင်ငံအတွက် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ သတ်မှတ် ထားပြီး ယင်းလုပ်ငန်းများကို ၂၀၁၃ တွင်
စတင်နိုင်ရန်မျှော်လင့်ထားသည်။ စီမံကိန်းများကို မည်သည့် ပုံ စံဖြင့်
ဖော်ဆောင်မည်ဟူသော စီမံကိန်းအစီအစဉ်ကို နိုဝင်ဘာလတွင် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က
ဆုံးဖြတ် ချက် ချတော့မည် ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုင်တွယ် အကောင်
အထည်ဖော်ရန် မြန်မာ အစိုးရ၏ ကျေးလက်ဖွံ့ဖြိုးရေးဌာနကို ရွေးချယ်ထားပြီး
ရန်ပုံငွေများသည် ယင်းဌာနမှတဆင့် စီးဆင်း မည်ဖြစ်သည်။
အစိုးရ စီမံမည်ဖြစ်သောကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းများက
ပွင့်လင်းမြင်သာမှုရှိရေးနှင့် ခြစားမူ ကင်း စင်ရေးအတွက် သံသယရှိသော်လည်း
ကမ္ဘာ့ဘဏ်၏ လမ်းညွန်ချက်နှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်း နည်းလမ်းသည်
အာဖဂန်နစ္စတန်၊ အရှေ့တီမော၊ အင်ဒို ကဲ့သို့သော နိုင်ငံများတွင်
အလုပ်ဖြစ်ခဲ့ သဖြင့် မြန်မာပြည်တွင်လည်း အသုံးတည့်မည်ဖြစ်ကြောင်း မစ္စတာ
ခန်သန်ရှန်ကာက ပြောသည်။
ကမ္ဘာ့ဘဏ်၏ CDD အစီအစဉ်သည် ပဋိပက္ခဖြစ်ပွားသည့် နိုင်ငံများတွင်
အလျင်အမြန် နာလန်ထနိုင်ရန် အတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး လမ်းဖောက်၊
တံတားဆောက်၊ ရေကန် တူးခြင်းကဲ့ သို့သော် ဒေါ်လာ ၂ သောင်း ပတ်ဝန်းကျင်
ကုန်ကျမည့် အသေးစား စီမံကိန်းများဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ
ဆင်းရဲမွဲတေပြီး အစိုးရအထောက်အပံ့ ပြတ်လပ်နေသည့် မြို့နယ် ၁၅ ခုတွင်
အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့အပေါ်
တင်နေသည့် အကြွေးများကို ၂၀၁၃ အမီ ပေး ဆပ်ရမည် ဖြစ်ပြီး
ကြွေးဟောင်းများကင်းပါက ကြွေးသစ်များ ချေးယူနိုင်မည်ဖြစ်သည်။


0 မှတ်ချက်များ for "ဒေါ်လာသန်း(၈၀) အပစ်ခတ်ရပ် တိုင်းရင်းသားဒေ သတွင်သာ ရည်ရွယ်"