ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုတာဟာ သပ်သပ်လုပ်ရမယ့် ကိစ္စတော့ မဟုတ်ဘူး။ အဓိကက စီးပွားရေး ဦးမော့လာအောင်လုပ်တဲ့ မဟာဗျူဟာလုပ်ငန်းစဉ်ထဲမှာပဲ ဆင်းရဲမွဲတေမှု လျော့ကျလာအောင်၊ ဆင်းရဲနွမ်း ပါးမှုကိုပါ အကျိုးရှိစေမယ့် မဟာဗျူဟာမျိုးဖစ်ဖို့လိုတာက အဓိကပေါ့။
၂၀၁၀ ရွေးကောက်ပွဲအပြီး
သမ္မတဦးသိန်းစိန် ခေါင်း ဆာင်တဲ့ အစိုးရအဖွဲ့ဟာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး
လုပ်ငန်းများ ဆိုပြီးတော့ မူဝါဒ လမ်းစဉ်ချမှတ်ပြီး လုပ်ကိုင်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်
ပြုပြင်ပြောင်း လဲရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး
ရန်ကုန်မှာ အခြေစိုက်တဲ့ မြန်မာ့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးကို
ဒီဗွီဘီ သတင်းဌာန ဦးတိုးဇော်လတ်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသိန်းစိန်ခေါင်းဆောင်တဲ့
အစိုးရတက်လာတာ ၁ နှစ်ခွဲရှိသွားပြီ။ ပြုပြင်ပြောင်းလဲမှုတွေ
အများကြီး လုပ်ပါ တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အဓိက လုပ်ပါတယ်။
အထူးသဖြင့် ပြည်သူ့ ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်း များဆိုပြီး
မူဝါဒချမှတ်တယ်။ ၁ နှစ်ခွဲအတွင်းမှာ ဘာတွေအောင်မြင်သွားပြီလဲ။
ဘာတွေလုပ်ဖို့ ကျန်သေးလဲ။
“ကျနော်တို့နိုင်ငံမှာ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ယခင်က ရှိသင့်သလောက်ရှိခဲ့တယ်။
ရသင့်သလောက် ရခဲ့တယ်။ သို့သော်လည်း ပြည်သူလူထုကို အများဆုံးအကျိုးပြုတဲ့
တိုးတက်မှုတခုဖြစ်ဖို့ကို သမ္မတကြီး ဦးသိန်းစိန်က ပိုမို ဦးစားပေး
တင်ပြခဲ့တယ်။ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှုဆိုတာက ပိုအရေးကြီးလာတယ်။ ဆိုလို တာက
ကျနော်တို့မှာ ဂျီဒီပီ တိုးတက်မှုတွေ ဆိုတာက ရှိခဲ့တယ်။ ဒါပေမယ့်လည်း
ဂျီဒီပီတိုးတက် မှုတွေဟာ နိုင်ငံအတွက် ချမ်းသာဖို့ ဖြစ်ခဲ့ပေမယ့် လူထုအတွက်က
အခုထက် ပိုပြီး လူနေမှုအဆင့်အတန်း မြင့် လာပြီးတော့ လူတိုင်း လူတိုင်း
ချမ်းချမ်းသာသာဖြစ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် အခုကနေ တဆင့်
ပိုမိုဇောင်းပေး ဆောင်ရွက်သွားဖို့ သမ္မတကြီးက လမ်းစဉ်ချမှတ်
ဆောင်ရွက်ခဲ့တာပေါ့။ အဲလမ်းစဉ်အရ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတာ
ဦးစားပေးခဲ့တယ်။ သက်ကြီးပင်စင်တွေကို ပိုတိုးမြှင့်ခံစားခွင့်ရှိအောင်
လုပ်ပေးခဲ့တယ်။ နောက် တိုင်းနဲ့ ပြည်နယ်ဒေသတွေကြားမှာ
ဆင်းရဲချမ်းသာမှုကွာဟချက်တွေ လျော့ နည်းလာအောင်၊ ပိုပြီး အချိုးညီညီ
တိုးတက်နိုင်အောင်ဆိုတဲ့ ကိစ္စတွေ ဦးစားပေးပြောကြားခဲ့တယ်။
အရေးကြီးဆုံးကတော့ ကျနော်တို့နိုင်ငံရဲ့ လူဦးရေအများစု
လုပ်ကိုင်ဆောင်ရွက်နေတဲ့၊ အများစု အားထား ရတဲ့
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း အခုထက်ထိ ပိုမို တိုးတက်လာအောင်
သူဦးစားပေးပြီးတော့ စီးပွားရေးမူတွေ ချမှတ်ခဲ့တာ ရှိပါတယ်။ ဒါတွေက
ပြည်သူဗဟိုပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာဖို့ အရေးကြီးတဲ့
မဟာဗျူဟာတွေပါ။”
ဆင်းရဲမွဲတေမှု
လျှော့ချရေးမှာ မြင်သာထင်သာတဲ့ ရလဒ်တွေ ဘာတွေများရှိခဲ့မလဲ။ ပြီးခဲ့တဲ့ ၁
နှစ်ခွဲအတွင်း မှာ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး ညီလာခံနောက်ပိုင်းမှာ
မြင်သာထင်သာတဲ့ ဥပမာ ကိန်းဂဏန်းနဲ့ ဘယ်လောက်များ လျှော့ချနိုင်ခဲ့ပါလဲ။
“ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုတာဟာ
သပ်သပ်လုပ်ရမယ့် ကိစ္စတော့ မဟုတ်ဘူး။ အဓိကက စီးပွားရေး
ဦးမော့လာအောင်လုပ်တဲ့ မဟာဗျူဟာလုပ်ငန်းစဉ်ထဲမှာပဲ ဆင်းရဲမွဲတေမှု
လျော့ကျလာအောင်၊ ဆင်းရဲနွမ်း ပါးမှုကိုပါ အကျိုးရှိစေမယ့်
မဟာဗျူဟာမျိုးဖစ်ဖို့လိုတာက အဓိကပေါ့။ ကျနော်တို့ အခု နိုင်ငံတကာ ရင်းနှီးမြုပ် နှံမှုတွေ ရအောင်လုပ်တယ်။ စက်မှုဇုန်တွေတည်ထောင်ပြီး၊
အထူးစီးပွားရေးဇုန်တွေ ထူထောင်ပြီးလုပ်ကြတယ်။ ဒါတွေက
တိုးတက်မှုတွေဖြစ်လာရေးအတွက် လုပ်တဲ့ မဟာဗျူဟာတွေဖြစ် တယ်။ သို့သော်လည်း
မဟာဗျူဟာတွေလုပ်တဲ့အခါမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဦးစားပေး
စဉ်းစားရမှာကိုလည်း မေ့ထားလို့မရဘူး။ ကဏ္ဍ ခြားလုပ်ရမှာ မဟုတ်ဘူး။ အရင်ကတည်းက
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်ခဲ့တယ်၊ ရလည်း ရခဲ့တယ်။ ကျနော်တို့ နိုင်ငံမှာ အတော်အတန်ရှိတဲ့၊ တခြားနိုင်ငံတွေရဲ့ ယှဉ်ရင် နိုင်ငံဝင်ငွေ
တော်တော် တိုးတက်ခဲ့တယ်။ နိုင်ငံခြားအရန်ဝင်ငွေဟာ တော်တော်
စုဆောင်းရရှိပြီးသားဖြစ်နေတယ်။ သို့သော် ရလာတဲ့ ချမ်းသာမှုပမာဏဟာ
တိုင်းသူပြည်သား လူအများစု အတွက် သိသာထင်ရှားတဲ့ ဖွံ့ဖြိုးမှုတွေ
ဖြစ်ခဲ့သလားဆိုတော့ အဲ့အပိုင်းမှာ အားနည်းခဲ့တယ်။ အခုလုပ်ရမယ့် ပုံစံက
ဖွံ့ဖြိုးမှုနောက်ကို ပိုပြီး အားကောင်းအောင် လုပ်တဲ့ မဟာဗျူဟာနဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ချရေး ဆိုတာကို သီးသန့်ခွဲလုပ်ဖို့မဟုတ်ဘူး။ တပါတည်း
လုပ်ဖို့ အရေးကြီးတယ်။ အခုတင်ပြနေတာက အားလုံးအကျိုးခံစားခွင့်ရှိနိုင်တဲ့
ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့လိုတယ်။ လူတစုစာအတွက် ဖွံ့ဖြိုးတိုးတက်မှု
မဟုတ်ဘူး။ အစိုးရအတွက် ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ဘူး။ အစိုးရရော၊ လူထုရော
ခံစားခွင့်ရမယ့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့လိုတယ်။ ဒီမှာ
သိသာထင်ရှားတဲ့ဟာတွေ ဘာတွေရခဲ့လဲ ဆိုတော့ အသွင်ကူးပြောင်းရေးကာလမှာ micro
စီးပွားရေး ဦးမော့လာအောင် အားယူနေတယ်လို့ ပြောလို့ရပါတယ်။ ဦးမမော့ခင်
စပ်ကြားမှာ တည်ငြိမ်မှု ရှိဖို့ လိုတယ်။ တည်ငြိမ်မှုက လွန်ခဲ့တဲ့ ၁ နှစ်တာ
အတိုင်းအတာတွင်းမှာ တော်တော် ရခဲ့တယ်လို့ ပြောလို့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီငွေကြေးဖောင်းပွမှုနှုန်း အတော်သက်သာ သွားတယ်။
အရင်တုန်းကဆိုရင်
ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်တယ်ဆိုတဲ့ ပြဿနာတွေ ရှိခဲ့တယ်။
ငွေကြေးဖောင်းပွမှုနှုန်းတွေ တရှိန်ထိုး မြင့်လာတယ်။ အထူးသဖြင့်
အခြေခံလူထုအတွက် အင်မတန်မှ ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်စေတယ်။ အဲတော့
ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်တဲ့ စရိတ်အပိုင်းမှာတော့
အတော်လျှော့ချနိုင်ပြီးတော့ အခုကျန်နေတာက ငွေလဲနှုန်းပြဿနာ။ ငွေလဲနှုန်းမှာ
အင်မတန်မှ ကြီးမားတဲ့ အောင်မြင်မှုတခု ရခဲ့တယ်။ ငွေလဲနှုန်းတွေအားလုံးကို
တပြေးညီဖြစ်အောင်၊ အစိုးရအတွင်းမှာ ငွေလဲနှုန်းတခုတည်းပဲ သုံးတဲ့အထိ
အဆင့်ရှိအောင် အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်ခဲ့တယ်။ သို့သော်
ငွေလဲနှုန်းသည် ကျနော်တို့ နိုင်ငံရဲ့ အဓိက ထုတ်လုပ်သူတွေဖြစ်တဲ့
လယ်သမားတွေ၊ ယာသမားတွေနဲ့ တခြားသားငါးကဏ္ဍမှာ ဆောင်ရွက်နေကြတဲ့
အလုပ်သမားအများစုအတွက် အကျိုးရှိတဲ့ ငွေလဲနှုန်း မျှခြေဖြစ်လာအောင်တော့
မလုပ်နိုင်သေးဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကရော၊ အစိုးရကပါ ကြိုးစားပြီး
လုပ်နေတုန်းပါပဲ။ အကယ်၍ ငွေလဲနှုန်း တည်ငြိမ်မှုကို ရပြီးတော့ လူထုအတွက်
အကျိုးရှိနိုင်မယ့် မျှခြေတခုကို ရအောင် ဆောင်ရွက်နိုင်ပြီဆိုရင် ဒီ ၂
ချက်နဲ့တင် ကျနော်တို့နိုင်ငံ အခြေခံလူထုအတွက် အင်မတန်မှ အရေးကြီးတဲ့ micro
စီးပွားရေး ၀န်းကျင် တည်ငြိမ်မှု ရအောင် လုပ်နိုင်မယ်လို့ ပြောနိုင်မှာပါ။
ဒါပေမယ့် အခုအချိန်မှာတော့ ကြိုးစားနေရဆဲပဲ ရှိတယ်လို့ ပြောရမှာပါ။ ”
အခုချိန်မှာ
အထူးစီးပွားရေးဇုန်တွေလည်း ခေါ်တယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်နေ ပါတယ်။
အခုပါလီမန်မှာလည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့
ပတ်သက်လို့ပေါ့၊ ပညာရှင်တွေ က ဝေဖန်ကြတယ်။ Anti FDI ဖြစ်နေတယ်။
ခရိုနီစီးပွားရေးသမားတွေအတွက်ပဲ လုပ်ခွင့်သာတယ်။ အဲအပေါ်မှာရော
ဘယ်လိုသုံးသပ်လဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ရဲ့အရေးပါမှုကဘာလဲ။
ဒါကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာလဲ
ပြောပါဦး။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ
စီးပွားရေးကူးပြောင်းမှုကာလမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့ လဲဆိုတော့
ပြည်တွင်းစီးပွားရေး ဦးမော့လာအောင် လုပ်တဲ့အချိန်မှာ
ပြည်တွင်းအားနဲ့လုပ်တဲ့ အနေအထားတွေဟာ ကျနော်တို့မှာရှိတဲ့
အားနဲ့လုပ်ရတယ်ဆိုတော့ တကယ်ကျတော့ အတော်ကြီးကို ကြိုးစားလုပ်နေရတဲ့
အနေအထားပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမယ်ဆိုရင်
စီးပွားရေးဦးမော့မှု အတွက် အင်မတန်မှ အရေးကြီးတဲ့ တွန်းအားတခုဖြစ်လာနိုင်တယ်။
ဒီအချိန်မှာ ကျနော်တို့အတွက် တွန်းအားဖြစ်တာ သိပ်များများစားစားမရှိဘူး။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အင်မတန်အရေးကြီးတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ၀င်လာဖို့ကလည်း
ဥပဒေအပေါ်မူတည်တယ်။ ဒါကြောင့် ဒီဥပဒေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အများအပြားဝင်လာဖို့ အထောက်အကူပြုတဲ့ ဥပဒေဖြစ်လာအောင် ကျနော်တို့အားလုံး
ကြိုးစားကြရမယ့် အနေအထားမှာ ရှိတယ်။”


0 မှတ်ချက်များ for "ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုတာဟာ သပ်သပ်လုပ်ရမယ့် ကိစ္စတော့ မဟုတ်ဘူး။ အဓိကက စီးပွားရေး ဦးမော့လာအောင်လုပ်တဲ့ မဟာဗျူဟာလုပ်ငန်းစဉ်ထဲမှာပဲ ဆင်းရဲမွဲတေမှု လျော့ကျလာအောင်၊ ဆင်းရဲနွမ်း ပါးမှုကိုပါ အကျိုးရှိစေမယ့် မဟာဗျူဟာမျိုးဖစ်ဖို့လိုတာက အဓိကပေါ့။"