ပညာရေး ဘက်ပေါင်းစုံ သုံးသပ်ရေး ၂ နှစ် စီမံကိန်း မြန်မာ စတင်

မြန်မာ့ပညာရေးအားနည်းနေကြောင်းကို အောက် တိုဘာလ ၂၁ ရက်နေ့က ပြည်တွင်း မီဒီယာများနှင့်
တွေ့ဆုံပွဲ တွင် နိုင်ငံတော်သမ္မတက ပြော ကြားပြီး
နောက် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ
လေ့လာသုံးသပ်ရေးလုပ်ငန်းများ (၂ဝ၁၂ -၂ဝ၁၄) ကို ၂ နှစ်စီမံကိန်းဖြင့် စတင်အကောင် အထည်ဖော် လိုက်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားသည်။

အဆိုပါစီမံကိန်းကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် AusAID တို့က ရန်ပုံငွေနှင့် လိုအပ် သည့် နည်းပညာများ အဓိကကူညီပေးမည်ဖြစ်ပြီး စီမံကိန်းကာလ နှစ်နှစ်အတွင်း အဆင့်သုံးဆင့်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းးကဆိုသည်။

ပထမအဆင့်ကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့် အတွက်မူ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သည့် ကုန်ကျ စရိတ်လျာထားချက် ပါဝင်သည့် ပညာရေးကဏ္ဍ စီမံကိန်းရေးဆွဲတင်ပြခြင်းမှာမူ ၂ဝ၁၄ ခုနှစ် နှစ်လယ်ခန့် တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

"ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လိုပဲလုပ်ပါစေ။ ပညာရေးလွတ်လပ်ခွင့်မရှိရင် ထင်သလောက် မထိရောက်နိုင် ဘူး" ဟု မြန်မာ့ပညာရေးကဏ္ဍ လေ့လာစောင့်ကြည့်နေသူ ဒေါက်တာသိန်းလွင်က ပြောကြားသည်။

ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး အဖွဲ့ကိုကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၊ ဂျီအိုင်ဇက်၊ ဒိန်းမတ်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဦးစီးဌာန (ဗြိတိန်)၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး အတွက် သြစတြေးလျ အထောက်အပံ့ (AusAID)၊ နော်ဝေ၊ ဗြိတိသျှကောင်စီ၊ အလှူရှင်စုံ ပညာရေးရန် ပုံငွေ၊ အာရှဖွံ့ဖြိုးဘဏ်၊ ဥရောပသမဂ္ဂနှင့် အခြားပြည်တွင်းပြည်ပအလှူရှင် အဖွဲ့အစည်းများက ပံ့ပိုးထားသည်။

ယင်းစီမံကိန်း၏ ဦးဆောင်လမ်းညွှန်မှုပေးရေးကော်မတီတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြအေးနှင့် ဒုတိယဝန်ကြီး နှစ်ဦးလည်းပါဝင်သည်။

0 မှတ်ချက်များ for "ပညာရေး ဘက်ပေါင်းစုံ သုံးသပ်ရေး ၂ နှစ် စီမံကိန်း မြန်မာ စတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++