ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တံတားဦးရပ် ကွက်က ဒါရ်ဂါ ဗလီကို အောက်တိုဘာ ၂၈ ရက်နေ့ က အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးက လက် ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

ည ၁၂ နာရီကျော်မှာ အမည်မသိ ဆိုင်ကယ် စီးသူ  ၂ ဦးကနေ ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး ပစ် ခတ်ခဲ့ရာ ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက် ကွဲဘဲ ဗလီဝင်းရှေ့ ရေမြောင်းထဲကျတဲ့ ဗုံး ၁ လုံး ကတော့ ပေါက်ကွဲခဲ့တယ်လို့ ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေက ဒီဗွီဘီကိုပြောပါတယ်။

“အဲလူ ၂ ယောက် ပစ်ချသွားတာ မြင်တယ်လေ။ မီးတွေပိတ်နေတော့ အ၀တ်အစားတွေ ဘာဝတ်လဲ သေ ချာမမြင်ရဘူး။ ဒီကလူတွေကတော့ ယမ်းနဲ့ဆိုတော့ သေချာမမြင်ဘူး. အရှေ့ကလူတွေပြောတာတော့ ဆိုင်ကယ်ဖင်လုံး အနီရောင်နဲ့တဲ့။ အပြင်မှာ ၁ လုံး၊ အတွင်းမှ ၁ လုံး ပစ်သွားတာ။ အပြင်ကပေါက်တယ်၊ အတွင်းက မပေါက်ဘူး။”

အဲဒီလို လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိပါဘူး။ လက်ပစ်ဗုံး အမျိုးအစားဟာ ဒေသခံတွေအခေါ်အရ မင်းဂွတ်သီး လက်ပစ်ဗုံးဖြစ်တယ်လို့ ပြောဆိုပြီး မပေါက်ကွဲတဲ့ လက်ပစ်ဗုံးကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
 
ကော့ကရိတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါ တယ်လို့ ဒီဗွီဘီကို ဖြေကြားပါတယ်။

ဒါရ်ဂါဗလီကို ရေနံဆီကုန်းဗလီလို့ ကော့ကရိတ်မြို့နယ်မှာ လူသိများပြီး မြို့ရဲ့ ဒုတိယအကြီးဆုံး ဗလီ လည်းဖြစ်ပါတယ်။

0 မှတ်ချက်များ for "ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++