UNODC , RCSS နှင့် အစိုးရ မူးယစ် တိုက်ဖျက်ရေး သဘောတူညီချက်

ပြီးခဲ့သည့် စနေ တနင်္ဂနွေနေ့က တာချီလိတ်မြို့
အောင်မြတ်ခန်းမ၌ နှစ်ရက်ကြာကျင်းပခဲ့သည့် ‘သျှမ်းပြည် နယ် အစားထိုးဖွံ့ဖြိုးရေး နှင့် တရား မဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆွေးနွေးပွဲ’ ၌ UNODC , RCSS နှင့် အစိုးရတို့အကြေား သဘော တူညီချက် ၉ ချက် ရရှိကြောင်းကြားသိ ရပါသည်။

“ကျနော်တို့ ဆွေးနွေးတာက ၁၀ ချက်ပါတယ်။ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးမှာ လုံခြုံ ရေး အတွက် ပူးပေါင်းတပ်ဖွဲ့ဖွဲ့ဖို့ အစိုးရဘက်က လက်မခံဘူး၊ ဆိုလိုတာက ကျနော်တို့ တပ်ဖွဲ့ဝင်
တွေ လက်နက်ကိုင် ပြီး သွားလာခွင့် မရှိဘူး။ အစိုးရတပ်ကတော့ ကျနော်တို့နယ်မြေထဲ အထိလဲ လက်နက် ကိုင်ဆောင်ခွင့် ရှိတယ်။ အဲ့ဒီလို။ အဲဒါကြောင့် ဒီအချက် ထပ်ဆွေးနွေးရမယ်၊ ဒါကြောင့် ကိုးချက်ဘဲ သဘောတူညီမှုရသွား တာ” - အစည်းအဝေး၌ တက်ရောက်တူ RCSS အရာရှိတဦးက ပြောပါသည်။
 
သုံးပွင့်ဆိုင်သဘောတူညီချက် ၉ ချက်မှာ -
၁။ သျှမ်းပြည်နယ် မိုးနဲ နှင့် မိုင်းပန်မြို့နယ်တို့တွင် ခန့်မှန်းလေ့လာမှုများအား နိုင်ငံတော် အစိုးရ ၊  UNODC , RCSS တို့မှ ခန့်မှန်းလေ့လာမှုများပြုလုပ်သွားရန်၊

၂။ အဆိုပါမြို့နယ်များ၌ ခန့်မှန်းလေ့လာမှုများမှ ရသည့် အချက်အလက်များကို အခြေခံပြီး ရှေ့ပြေး အစားထိုး စီမံကိန်း စံပြနေရာများအား နိုင်ငံတော်အစိုးရ UNODC နှင့် RCSS တို့မှ ပူးပေါင်းရွေး ချယ်သွားရန်။

၃။ရွေးချယ်ထားသော စံပြရှေ့ပြေး အစားထိုးစီမံကိန်းနေရာများတွင် ဆက်လက်ဆောင်ရွက် မည့် စီမံကိန်း အစီအစဉ်များအား ပူးပေါင်းရေးဆွဲပြီး လူထုအဖွဲ့အစည်းများအတွင်း ရှင်းလင်းချပြ၍ အကြံပေးမှုများ ရယူပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန်။

၎။ရွေးချယ်ထားသော စံပြရှေ့ပြေး အစားထိုးစီမံကိန်းနေရာများတွင် နိုင်ငံတော်အစိုးရ UNODC နှင့် RCSS တို့မှ အမြန်ဆုံးပူးပေါင်း အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန်။

၅။ UNODC အနေဖြင့် နိုင်ငံတော်အစိုးရ နှင့် RCSS တို့၏ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းနေရာ တို့တွင် နည်း ပညာပံ့ပိုးကူညီပေးမှုများပြုလုပ်သွားရန်။

၆။ ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်မည့်ရှေ့ပြေးအစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနေရာ များတွင် လတ်တလောလိုအပ်မည့် ဘဏ္ဌာငွေ အထောက်အပံ့များအစားအပြည်ပြည် ဆိုင်ရာ အလှူရှင်များထံမှ အကူအညီရရေးအတွက် UNODC မှဆက်သွယ်ညှိနှိုင်းဆောင်ရွက် သွားရန်။

၇။ RCSS အနေဖြင့် မိမိဒေသတွင်းရှိ ဒေသခံပြည်သူများနှင့် RCSS တပ်ဖွဲ့ဝင်များအားမူးယစ် ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး၊မူးယစ် ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးနှင့် အစားထိုးဖွံ့ဖြိုးရးလုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်မှုများအား အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန်။

၈။ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အ ထည်ဖေါ်ဆောင်ရွက်ရေးအတွက် မူးယစ်ဗဟိုအဖွဲ့၊ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် RCSS တို့မှ Conact Person များသတ်မှတ်ပြီး အီးမေးလ်၊ ဖုန်း၊ သင့်တော်သည့်နည်းလမ်းတို့ ဖြင့် သတင်းများဖလှယ်သွားရန်။

၉။ မူးယစ်ဗဟို၊ UNODC နှင့် RCSS တို့မှ ပူးပေါင်းဆောင်ရွက်မည့်အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း နေရာ များတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အထက်ဌာနများသို့ ဆက်လက် တင်ပြသွားရန်။

‘သျှမ်းပြည်နယ် အစားထိုးဖွံ့ဖြိုးရေး နှင့် တရား မဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆွေးနွေးပွဲ’ သို့ မြန်မာ အစိုးရ မူးယစ်ဗဟိုရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်အောင် ဦးဆောင်သောဖွဲ့ (၁၃) ဦး၊သျှမ်း ပြည်တပ် မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS မှ ဗိုလ်မှူးချုပ် ပေါင်ခေး ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ (၁၃) ဦး နှင့် UNODC  ကိုယ်စားလှယ်မစ္စတာဂျေဆန်အီလိုင် တို့အဖွဲ့ပါဝင်တက်ရောက်ကြသည်ဟုဆိုသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3603-unodc--rcss------.html

0 မှတ်ချက်များ for "UNODC , RCSS နှင့် အစိုးရ မူးယစ် တိုက်ဖျက်ရေး သဘောတူညီချက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++