ကလေးတစ်ဦး တဘ်လပ်တစ်လုံး စီမံကိန်းကြီးအတွက် တရုတ်က ထိုင်းကို ငွေချေးမည်
ထိုင်းတစ်နိုင်လုံး အတိုင်းအတာဖြင့် အကြီးအကျယ် အကောင်အထည် ဖော်ဆောင်နေသည့်
ကလေး တစ်ဦးလျှင် တဘ်လပ်ကွန်ပျူတာတစ်လုံး စီမံကိန်း ကို အပြည့်အဝ
ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံက ချေးငွေ ပမာဏ အမြောက်အများ ကို
ချေးငှားရန် ကမ်းလှမ်းထားသည်။
ဝန်ကြီးချုပ် ရင်လက်ရှင်နာဝတ်ထရာက ပညာရေး ၀န်ကြီးဌာနသို့ အကြောင်းကြားထားပြီ လည်းဖြစ် သည်။
ထိုင်းကလေးငယ်တိုင်း တဘ်လပ်ကွန်ပျုတာ ရရှိလျက် စာသင်ခန်းအတွင်း အသုံးပြုနေကြပြီဖြစ်သည်။
“ဒီချေးငွေပမာဏက အတော်ကြီးမားတဲ့အတွက် ထိုင်းကျောင်းသူ ကျောင်းသားတိုင်း
အားလုံး ရရှိပါ လိမ့်မယ်။” ပညာရေးဌာန အမြဲတမ်း အတွင်းဝန်
ပန်နီတာကမ်ဖုအယုဒ္ဓရက ပြောကြားခဲ့သည်။
အစိုးရချင်း အစီအမံဖြင့် တရုတ်ကုမ္ပဏီတစ်ခုထံမှ တဘ်လပ်ကွန်ပျူတာ အလုံးရေ ၉
သိန်းကို ထိုင်း အစိုးရက နှစ်စတွင် မှာယူခဲ့သည်။ တစ်နိုင်ငံလုံးရှိ ပထမတန်း
ကျောင်းသူကျောင်းသား အားလုံးအတွက် လုံလောက်မှု ရှိပြီဖြစ်သည်။
တရုတ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါက ထိုင်းကျောင်းသူကျောင်းသား
အားလုံးအတွက် တဘ်လပ် ကွန်ပျူတာများကို အခမဲ့ ဖြန့်ဝေနိုင်မည်ဟု
ပညာရေးအတွင်းဝန် ပန်နီတာက ရှင်းပြခဲ့သည်။
၂၀၁၃ ခုနှစ် ပညာရေးအတွက် ပညာရေးဌာနက တဘ်လပ်အလုံးရေ ၁ ဒသမ ၆ သန်းအတွက်
တင်ဒါ ခေါ်ယူလျက်ရှိသည်။ ပထမတန်းကျောင်းသားများနှင့်
သတ္တမတန်းကျောင်းသားများအားလုံး အတွက် ဖြစ်သည်။
အခြေခံပညာရေးဌာနက တဘ်လပ်ကွန်ပျူတာထဲတွင် ပါရှိသင့်သည့် ဆော့ဝဲနှင့်
ပညာရေး ပရိုဂရမ်များ အတွက် ကျွမ်းကျင်သူများနှင့် ဆရာဆရာမများအား တီထွင်
ပြုစုရန် တာဝန်ပေးထားသည်။
မြတ်ပန်းရှင်
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: The Nation


0 မှတ်ချက်များ for "ကလေးတစ်ဦး တဘ်လပ်တစ်လုံး စီမံကိန်းကြီးအတွက် တရုတ်က ထိုင်းကို ငွေချေးမည်"