ကျူရှင်များနှင့် အနာဂတ်ပညာရေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဟင်္သာတက္က သိုလ်တွင် ယခုနှစ်
အဝေးသင်ကာလအတွင်း ကျူ ရှင်သင်ပြသည့်လုပ်ငန်းများမှာ ရေး ပန်းစားလျှက် ရှိပြီး
ဝင်ငွေအနေဖြင့်လည်း အောင်မြင်သည်ဟု သိရပါတယ်။
ကျူရှင်တိုင်းလိုလိုတွင်
ကျောင်း သား/သူများဖြင့်
ပြည့် နှက်နေ လျှက်ရှိပြီး ကျောင်းသူ/သားများ အနေဖြင့်လည်း အဆိုပါကျူရှင်များတက်ရောက်ခြင်း
ဖြင့် စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်လိမ့်မယ်ဟု ယုံမှတ်မှားလျှက်ရှိနေကြောင်း သိရပါတယ်။
ပြည့် နှက်နေ လျှက်ရှိပြီး ကျောင်းသူ/သားများ အနေဖြင့်လည်း အဆိုပါကျူရှင်များတက်ရောက်ခြင်း
ဖြင့် စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်လိမ့်မယ်ဟု ယုံမှတ်မှားလျှက်ရှိနေကြောင်း သိရပါတယ်။
အဆိုပါကျောင်းသား/သူများအနေဖြင့် အနီးကပ်သင်ကြားရမည့် ဆယ်ရက်အား
အပြင်ကျူရှင်များတွင် သာတက်ရောက်နေသည့်အတွက် တက္ကသိုလ်အခန်းအတွင်းရှိ
စာသင်ခန်းများထဲတွင်တော့ ကျောင်း သား/သူ တယောက်စ
နှစ်ယောက်စဖြင့်သာရှိနေတတ်ပြီး သင်ကြားပေး ရမည့် ဆရာ/မများ အနေဖြင့်လည်း
ကျောင်းသား/သူ မရှိတဲ့အတွက် သင်ကြားရေးအတွက် အခက်အခဲရှိနေရပါတယ်။
ကျောင်းစည်းကမ်းကတော့ စာသင်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်မှီရင်
စာမေးပွဲဖြေခွင့်မရှိပါဘူး။ ကျောင်း သားတဦးကေတော့ စာမေးပွဲဖြေခွင့်ရ အောင်
ကျူရှင်သင်သော ဆရာ/ဆရာမတွေက နည်းလမ်းပေးတဲ့ အကြောင်းနဲ့
ဘယ်လိုနည်းလမ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို “ကျွန်တော် တို့ကတော့
အနီးကပ်သင်တဲ့ ဆယ်ရက်ကို တစ်ရက်မှ ကျောင်းထဲမှာမတက်ဘူး။ ကျူရှင်တက်ရတာနဲ့ကို
အားမှမအားပဲ။ Roll call ကိုတော့ ကျောင်းထဲသွားမယ့် သူငယ်ချင်းတစ်ယောက်ကို
ထိုးခိုင်းတယ်လေ။ သူက တစ်တန်းလုံးအတွက် တာဝန်ယူပြီးထိုးတာပေါ့။ ဒီတော့
ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြောနဲ့၊ ကျွန်တော်တို့ Roll call တွေက
၁၀၀ ရာခိုင်နှုန်းနီးပါးပဲ။ ဒါပေမယ့် စားမေးပွဲစဖြေမယ့်နေ့ကိုတော့
စောစောရောက်အောင် သွားရ တယ်။ ဖြေရမယ့်အခန်းကို သိအောင်လို့လေ။
ကျောင်းထဲခုမှရောက်ဖူးတာဆိုတော့ ဖြေမယ့်အခန်းလိုက်ရှာ ရတာလဲ
အလုပ်တစ်လုပ်ပဲ” ဟု ရယ်လျှက်ပြောပြခဲ့ပါတယ်။
၎င်းအပြင် ကျူရှင်ဖွင့်နေသော သင်တန်းများမှာ အပြင်လူတစ်ယောက်၏နာမည်ကို
တာဝန်ခံဆရာဟု အသုံးပြုပြီး အဆိုပါကျူရှင်များတွင် အမှန်တကယ်သင်ပေးနေသည့်
ဆရာ/ဆရာမများမှာလည်း လက်ရှိတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော
ဆရာ/ဆရာမများ သာဖြစ်နေကြပါတယ်။
ထို့ကြောင့် မြန်မာပြည် ပညာရေးစနစ် ဤအတိုင်းသာ
ရှေ့သို့ဆက်လက်ချီတက်နေမည်ဆိုပါက အနာဂတ်ပညာရေးအတွက် ရင်လေးမိ ကြောင်းကို
စေတနာအရင်းခံဖြင့် တာဝန်ရှိသူများ သိကြားစေရန် တင်ပြအပ်ပါသည်။


0 မှတ်ချက်များ for "ကျူရှင်များနှင့် အနာဂတ်ပညာရေး"