ကျောင်းနေအရွယ် အသက် ကန့်သတ်မှု ပြောင်း လဲရန် တရားဝင် မညွန်ကြားသေး
၁၂ တန်းပညာရေးစနစ် ပြောင်းလဲမည်ဟု ဆိုသော် လည်း မူလတန်းကလေးငယ်များ
ကျောင်းနေ အ ရွယ် အသက်ကန့်သတ်ချက်ကို ပြောင်းလဲရန် တရား ဝင်ညွှန်ကြားထားခြင်း
မရှိသေးကြောင်း သိရသည်။
အဆိုပါ ၁၂ တန်းပညာရေးစနစ်ကို ကျင့်သုံးမည် ဆိုပါက လက်ရှိတွင်
မူလတန်းကလေးငယ်များ၏ အသက်အရွယ် တိုးမြှင့်မည်ဆိုသောသတင်းများ
ပျံ့နှံ့လာသည့်အတွက် ယင်းနှင့်ပတ်သက်ပြီး ရန် ကုန်တိုင်း အခြေခံပညာဦးစီးဌာန
အမှတ် (၃) မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းခဲ့ရာ "အခု အနေအထားမှာ
အသက်အရွယ်ကန့်သတ်ချက်ပြောင်းလဲဖို့ ဘာသတ်မှတ်ချက်မှ ညွှန်ကြားထားခြင်း
မရှိပါဘူး။ အစီအစဉ်ရှိတယ်ဆိုတာလဲ ဘာမှ မသိရသေးပါဘူး" ဟုပြောသည်။
ယခုကဲ့သို့မြန်မာနိုင်ငံ၏ ပညာရေးစနစ်အပြောင်းအလဲများ
ကျင့်သုံးမည်ဆိုခြင်းကြောင့် တက္ကသိုလ် ဝင်တန်းပြီးဆုံးသွားသော်လည်း ၁၂
တန်းပညာရေးစနစ် ပြောင်းလဲရာတွင် မူလတန်းကျောင်းစတက် သည့်အရွယ်အား အသက်
ငါးနှစ်တွင်စတင်လက်ခံပေးခြင်းကို အသက်ခြောက်နှစ်အထိ တိုးမြှင့်ပေး
သွားမည်ဆိုခြင်းမှာ လက်ရှိအခြေအနေတွင် မဖြစ်နိုင်သေးကြောင်း
ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
"နိုင်ငံတကာမှာ မူလတန်းအရွယ်ကို အသက်အပိုင်းအခြားအလိုက် Primary
I,II,III ဆိုပြီး သတ်မှတ် ကြတယ်။ ဒီမှာလဲ အဲဒီလို လုပ်ပေးနိုင်ရင်
ကောင်းပါတယ်။
ကလေးတွေအသက်ငါးနှစ်မှာ ကျောင်းစနေရတာ အရမ်းမငယ်လွန်း
မကြီးလွန်းပါဘူး။ အသက်ခြောက်နှစ်မှ လက်ခံမယ်ဆိုရင်လဲ ဒီကလေးတွေအတွက်
ပြင်ဆင်ချိန်တွေရတာပေါ့" ဟု တာမွေမြို့နယ် အမှတ် (၉) အခြေခံပညာ
မူလတန်းကျောင်းမှ အငြိမ်းစားကျောင်းဆရာမတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေအရ ၁၂ တန်းပညာရေးစနစ်အား ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင်
ပြောင်းလဲနိုင် မည်ဟု သိရပြီးယင်းစနစ်ကိုအခြေပြုသည့် ပညာရေးနည်းဥပဒေ
အသစ်များကိုလည်း ရေးဆွဲပြဋ္ဌာန်း သွားမည်ဆိုပါက ပညာရေးစနစ်ပိုမို
အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။
"အခုနောက်ပိုင်း လူရယ်လို့ဖြစ်လာရင် ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်
အသိဉာဏ်ဆိုတာ တွဲပါလာပြီးသားပါ။ ပြောချင်တာက တစ်နှစ်နောက်ကျပြီးမှ
ကလေးကျောင်းအပ်ရတော့ မလိုလားအပ် ဘဲပညာသင်ချိန်နောက်ကျတာပေါ့။ ၂ဝဝ၅
ပညာသင်နှစ်က အတွေ့အကြုံကိုပြောရရင် အသက် (၁၆) နှစ်တောင်မပြည့်သေးတဲ့
မိန်းကလေးတစ်ယောက် ဆယ်တန်းဝင်ဖြေတာ ဂုဏ်ထူးလေးဘာသာ ထွက်တယ်။ ပညာရေးစနစ်နဲ့
သင်ကြားမှုအပိုင်းကသာ အရေးကြီးပါတယ်။ ကျောင်းကို စောစော အပ်တာပဲ လက်ခံတယ်"
ဟု မန္တလေးတိုင်း မိတ္ထီလာခရိုင်မှ ကျောင်းသားဖခင် ဦးဝင်းနိုင်က ပြောသည်။


0 မှတ်ချက်များ for "ကျောင်းနေအရွယ် အသက် ကန့်သတ်မှု ပြောင်း လဲရန် တရားဝင် မညွန်ကြားသေး "