မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ ADB အကူအညီ ပေးမည်
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB) နှင့် သြစတြေး လျအစိုးရတို့က
မြန်မာနိုင်ငံရှိ အခြေခံပညာ မူလ တန်းလွန် ပညာရေးပြုပြင်ပြောင်း လဲရေးနှင့်
စီမံ ကိန်းများ၌ ပိုမိုအားကောင်းလာစေရေး ဆောင် ရွက် ရာတွင်
နည်းပညာအထောက် အပံ့အဖြစ် အမေရိ ကန်ဒေါ်လာ ၅၇ဝဝဝဝ ကို ကူညီပံ့ပိုးပေးသွား မည်
ဖြစ်ကြောင်း သိရသည်။
ကူညီပံ့ပိုးမှုအစီအစဉ်တွင် အလယ်တန်းပညာရေး၊
နည်းပညာနှင့်အသက်မွေးမှုဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်မှုသင်တန်းအပြင်
အဆင့်မြင့်ပညာရေး တို့လည်း ပါဝင်မည်ဖြစ်သည်။
ထိုသို့ကူညီပံ့ပိုးသည့်
အစီအစဉ်သည် လက်ရှိနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့်
ငွေကြေးဆိုင်ရာပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်နေမှုတွင် အခွင့်အလမ်းများ
ပေါ်ပေါက်လာစေရန် သေချာစေမည့် အရေးပါသော အစိတ် အပိုင်းလည်းဖြစ်ကြောင်း
သိရသည်။
ADB မှ ကူညီထောက်ပံ့မှုအမေရိကန်ဒေါ်လာ ၂ဝဝဝဝဝ နှင့် သြစတြေးလျအစိုးရက
ပူးတွဲထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၃၇ဝဝဝဝ တို့ကို
နည်းပညာအကူအညီအထောက်အပံ့အဖြစ် ADB မှ စီမံခန့်ခွဲမှု ပြုသွား မည်ဖြစ်ကြောင်း
သိရသည်။
မြန်မာနိုင်ငံအနေနှင့် လူမှုစီးပွားရေးဆိုင်ရာ အသွင်ပြောင်းလဲမှုကို
စတင်ဆောင်ရွက်မှုအဖြစ် စီးပွားရေးဖြစ် ထွန်းတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရာတွင် ပညာရေးမှာ အရေး ပါသော
အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက
မြန်မာနိုင် ငံအား လိုအပ်နေသောလုပ်သားဈေးကွက် အလျင်အမြန်ပြည့်မီရေး၊
ဟန်ချက်ပြန်လည်ထိန်းညှိရေးနှင့် စီးပွားရေး
ခေတ်မီတိုးတက်ရေး ဆောင်ရွက်မှု ပြည့်စုံကုံလုံစေရေးကို အထောက်အကူပြုစေ မည်ဖြစ်ကြောင်း ADB ၏ အရှေ့တောင် အာရှဌာန ထိပ်တန်းပညာရေးဆိုင်ရာ စီးပွားရေးပညာရှင် ခရစ္စတိုဖာစပွားက ပြောကြား ခဲ့သည်။
ခေတ်မီတိုးတက်ရေး ဆောင်ရွက်မှု ပြည့်စုံကုံလုံစေရေးကို အထောက်အကူပြုစေ မည်ဖြစ်ကြောင်း ADB ၏ အရှေ့တောင် အာရှဌာန ထိပ်တန်းပညာရေးဆိုင်ရာ စီးပွားရေးပညာရှင် ခရစ္စတိုဖာစပွားက ပြောကြား ခဲ့သည်။
ADB ၏ နည်းပညာဆိုင်ရာ ကူညီထောက်ပံ့မှုက အခြေခံမူလတန်းလွန်
ပညာရေးအခန်းကဏ္ဍဆိုင် ရာ လေ့လာစိစစ်ခြင်း၊ အသုံးတည့်သော ဒေသဆိုင်ရာ
အတွေ့အကြုံများကို လေ့လာဆည်းပူးခြင်းနှင့်
စီမံကိန်းဆိုင်ရာလုပ်နိုင်စွမ်းနှင့် ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှု
ပိုမိုအားကောင်းလာစေရေးတို့ကို အထောက် အပံ့ပြုစေမည် ဖြစ်ကြောင်း သိရသည်။
ADB ၏ ကူညီပံ့ပိုးမှုသည် မြန်မာနိုင်ငံအစိုးရ၏ ပိုမိုကျယ်ပြန့် သော
ပညာရေးကဏ္ဍပြန်လည်သုံးသပ်မှု (CESR) အတွက် ကူညီပံ့ပိုးမှု အစိတ်အပိုင်းလည်း
ဖြစ်လာမည်ဟု သိရသည်။


0 မှတ်ချက်များ for "မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ ADB အကူအညီ ပေးမည်"