မတူပီမြို့နယ် လျှပ်စစ်မှူးက အစိုးရဘတ်ဂျက် သိန်း ၈၀ အလွဲ သုံးစားလုပ်
ချင်းပြည်နယ်မတူပီမြို့နယ် လျှပ်စစ်မှူး ပူး ထောင်းမွမ်းမန်က
အစိုးရမှ ချပေးသည့် လျှပ်စစ်မီတာ ဘောက်ကို အမြတ် တင် ရောင်း စားပြီး
လျှပ်စစ်တိုင် ထူဖို့ အစိုးရမှ ချပေးသည့် ဘတ်ဂျတ်ငွေအားလုံး
အလွဲသုံးစားလုပ်သွားသည်။
အစိုးရမှ မီတာဘောက် တလုံးကို ကျပ်ငွေ ၈ သောင်း ဖြင့် ပြည်သူထံရောင်းပေးရန်နှင့် လျှပ်စစ် တိုင် ထူဖို့ ကျပ်ငွေ သိန်း၈၀ ချပေးခဲ့သည်။
“ မီတာဘောက်ကို ကျပ်ငွေ ၁၅၀၀၀၀နဲ့ရောင်းပြီး လျှပ်စစ်တိုင်တွေကို
လက်အောက် ၀န်ထမ်း များအား အခမဲ့ သယ်ခိုင်း ပြီး သိန်း ၈၀ ကို တဦးတည်း
အလွဲသုံးစားလုပ်သွားတယ်” ဟု ၀န်ထမ်း တဦးက ပြောသည်။
လျှပ်စစ်မှူးသည် ရေဇွာမြို့နယ်ခွဲတွင် တာဝန်ကျမည့် ၀န်ထမ်းနှစ်ဦးဖြစ်သူ
ပူး ဇာဒိန်းနဲ့ ပူး လျန်လွေး တို့အား နားလည် မှုဖြင့်
မတူပီလျှပ်စစ်ရုံးတွင် တာဝန်ချထားသေးကြောင်း ထပ်မံဆိုသည်။
“ ပူးဇာဒိန်းက ရေဇွာကို မပြောင်းဖို့ လျှပ်စစ်မှူးကို တီဗွီတလုံးနဲ့လဒ်ထိုးတယ်” ဟု ဒေသခံတဦးက ပြော သည်။
ထို့အပြင် လျှပ်စစ်မှူးသည် သူကိုယ်တိုင်ရုံးမတက်ပဲ ဇနီးကို ၄င်းအစား ရုံးတက်ခိုင်းပြီး အာဏာကုန် လွဲလိုက်ကြောင်း ပြော ကြသည်။
လျှပ်စစ်မှူး မိန်းမက ရုံးဝန်ထမ်းတဦးကို ဆင်းရဲလွန်းလို့ဆိုပြီး
ဝန်ထမ်းလိုင်းမှာ မနေဘို့ပြောတယ်၊ ပြီးတော့ ရုံးပတ်ဝန်း ကျင်အတွင်း
စိုက်ခင်းတွေကို အကုန်လုံးရှင်းလိုက်တယ် ဟု ဆက်ဆိုသည်။
ရုံးပတ်ဝန်းကျင်တွင် ငရုတ်၊ ၀ ဥ၊ ကြံ၊ ငှက်ပျော၊ ချဉ်ပေါင်၊ ပဲ၊ သခွား၊
ဖရုံ၊ ကော်ပီ၊ ခရမ်းသီးကို တပိုင် တနိုင် စိုက်ပျိုးထားကြ သည်။
“ စိုက်ခင်းရှင်းဖို့ ပြည်သူ့ရဲ မိန်းမ နဲ့ ၀န်ထမ်းတဦးကို
လျှော်ကြေးပေးမယ်ဆိုပြီး ရှင်းခိုင်းတာ၊ ဘာ လျှော်ကြေးမှလည်း မရဘူးဗျ” ဟု
ပြောသည်။ http://khonumthungburmese.org/?p=782


0 မှတ်ချက်များ for "မတူပီမြို့နယ် လျှပ်စစ်မှူးက အစိုးရဘတ်ဂျက် သိန်း ၈၀ အလွဲ သုံးစားလုပ်"