ကွန်ပျူတာ နယ်ပယ်နှင့် ဆက်စပ်သူတိုင်း Yangon MCPA သို့ တက်နိုင်
ကွန်ပျူတာ နယ်ပယ်နှင့် ဆက်စပ် လုပ်ကိုင်နေသူ မည်သူ မဆို
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ကွန်ပျူတာ လုပ် ငန်းရှင် အသင်းသို့
ဝင်ခွင့်တောင်း ခံလာပါက အသင်းဝင် ခွင့်ပေး အပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
ကွန်ပျူတာလုပ်ငန်းရှင် အ သင်းသို့ ယခင်က ကွန်ပျူ တာ
ရောင်းဝယ်ရေးလုပ်ကိုင်သူ လုပ် ငန်းရှင်များသာ ဝင်ရောက် ခဲ့ကြရာမှ ယခုအခါ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ICT နယ်ပယ်ပေါင်း စုံမှ လုပ်ငန်းရှင်များ၊
မိုဘိုင်းနှင့် ဆက်စပ် ပစ္စည်းလုပ်ငန်းများ၊ ကွန်ပျူတာ
ဆက်စပ်ပစ္စည်းလုပ်ငန်းများအပြင် အင်တာနက် ကဖေးများပါ အသင်း ဝင်ရန်
ဖိတ်ခေါ်သွား မည်ဖြစ်ေ ကြာင်း ၄င်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။'
'
ကွန်ပျူတာ စာစီစာရိုက် နဲ့ အသက်မွေး ဝမ်းကျောင်း ပြုလုပ် တဲ့ သူတွေတောင်
ဒီအသင်းကို ဝင်စေချင်ပါတယ်။ လူများတော့မှ အပြစ်တွေ၊ ပြဿနာတွေကို
ရှုထောင့်ပေါင်းစုံ ကနေ ဖြေရှင်းနိုင်မှာ ပါ''ဟု ၄င်း ပုဂ္ဂိုလ်က ဆက်လက်
ပြောကြားသည်။
ကွန်ပျူတာလုပ်ငန်းရှင် အသင်းသို့ ဝင်ရောက်ခြင်းဖြင့် အသင်းဝင်များ မှ
ဆွေးနွေးပွဲများ နှင့် ပြပွဲများသို့ အခမဲ့ ဝင်ရောက်ဆွေး နွေးပြသနိုင် မည်
ဖြစ်ပြီး အသင်းရှိ ဆပ်ကော်မတီများ အတွင်း မိမိတို့ စိတ်ပါဝင်စားရာ အခန်းကဏ္ဍ၌
ပါဝင်လှုပ်ရှားဆောင်ရွက်ခွင့်ရရှိမည် ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီး ကွန်
ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ကွန် ပျူတာ ပညာ ရှင်အသင်းတို့ လက်တွဲကာ
e-yangon စီမံကိန်း အောက်မှ e-Literacy ကဏ္ဍအား ဆောင်ရွက်လျက်ရှိသည်။
ယင်း
စီမံ ကိန်းအတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် အမှတ် ၃ အခြေခံ ပညာဦးစီးဌာန တို့ဖြင့်
ပူးပေါင်း၍ အခြေခံ ပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ အား အခြေခံ ကွန်ပျူတာ
တတ် မြောက်ရေး သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ အမှတ်စဉ် ၄ အထိ
သင်တန်းသား ဦးရေ ၈ဝ၇ ဦး တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ယခုအခါ
ကွန်ပျူတာ လုပ် ငန်းရှင်အသင်းနှင့် ကွန်ပျူတာပညာ ရှင်အသင်းတို့
ပူးပေါင်း၍ပြပွဲများ တစ်နှစ်လျှင် ငါးပွဲခန့် ပြုလုပ်ပြသ လျက်ရှိပြီး
မြန်မာနိုင်ငံရှိ ICT ကဏ္ဍတိုးတက် ဖွံ့ဖြိုးရေး အတွက် ရည်ရွယ်၍ ၂ဝ၁၁ ခုနှစ်
ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော အသင်းဖြစ်သည်။
Photo Credit:MCPA Facebook
0 မှတ်ချက်များ for "ကွန်ပျူတာ နယ်ပယ်နှင့် ဆက်စပ်သူတိုင်း Yangon MCPA သို့ တက်နိုင်"