အမျိုးသမီး တစ်ဦး၏ ၀မ်းဗိုက်ထဲ ၁၀ နှစ်ကြာ ရှိနေခဲ့သည့် ကတ်ကြေး ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့

အိန္ဒိယနိုင်ငံတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ၀မ်းဗိုက် အ တွင်း၌ ၁၀ နှစ်ကြာမျှ ကျန်ရှိနေခဲ့သည့် ကတ်ကြေးတစ်လက်ကို တမီလ် နာဒူပြည်နယ် ချန်နိုင်းမြို့မှ ၂၅၀ ကီလိုမီတာအကွာတွင် ရှိသော ဘတ် လာဂ်ျမြို့လေးရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ 

ရီဂျီနာမာရီအမည်ရှိ အဆိုပါ အမျိုးသမီးသည် ကိုဒိုင်ကာနယ်လ် ပြည်နယ် အန်နာနာဂါမြို့တွင် နေထိုင်ပြီး သူမသည် ၁၀ နှစ်ကြာမျှ ၀မ်းဗိုက်နာ ကျင်သည့် ဝေဒနာကို ခံစားခဲ့ရသောကြောင့် ဆေးရုံသို့ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သူမ၏ ၀မ်းဗိုက်ထဲတွင် ကတ်ကြေးတစ်လက် ရှိနေသည်ကို တွေ့ခဲ့ရသောကြောင့် ဆရာဝန်များပင် ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ 

သူမသည် ၂၀၀၁ ခုနှစ်က ခွဲစိတ်ကုသမှု ခံယူခဲ့ရာ ၄င်းကတ်ကြေးသည် ထိုအချိန်ကတည်းက သူမ၏ ၀မ်းဗိုက်အတွင်း ကျန်ရစ်ခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။

0 မှတ်ချက်များ for "အမျိုးသမီး တစ်ဦး၏ ၀မ်းဗိုက်ထဲ ၁၀ နှစ်ကြာ ရှိနေခဲ့သည့် ကတ်ကြေး ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++