နယ်စပ်မှ တင်သွင်းလာသည့် မုန့်ကြောင့် ကလေးငယ် တစ်ဦး အစာအဆိပ်သင့်
ကလေးငယ်တစ်ဦးသည် နယ်စပ်မှတင်သွင်လာသည့်
မုန့် ကိုစားမိပြီး မကြာမီတွင်ပင် အစာအဆိပ်သင့်ဝေဒနာ ခံ စားရသဖြင့်
အရေးပေါ်ဆေးကုသမှုများ ခံယူလိုက် ရကြောင်းသိရသည်။
အဆိုပါကလေးငယ်မှာ ပြင်ဦးလွင်မြို့နေ အသက်၆ နှစ်ရှိ သူ မ၀င့်သူသူထက်ဖြစ်ပြီး အဆိုပါမုန့်ထုတ်ထဲမှ မုန့်
ချောင်းငယ်လေး ၁၀ ချောင်းမျှစားပြီးနောက်ဝယ် အစာ အဆိပ်သင့်သည့် ရောဂါလက္ခဏာများပြလာကာ ပြို့ အန် လာသဖြင့် နီးရာဆေးခန်းသို့ သွားရောက်ပြ သကာ အရေးပေါ်ဆေးကုသမှုများ ခံယူလိုက်ရခြင်းဖြစ် သည်။
"ကျွန်မတို့ဆီမှာတော့ အဲဒီမုန့်ကို 'အစပ်ချောင်း' လို့ခေါ် ကြပါတယ်။ မုန့်ထုတ်ထဲမှာ မီးခြစ်ဆံချောင်း လုံးပတ်
လောက်ရှိတဲ့ စားစရာအချောင်းလေးတွေ အချောင်း ၅၀ လောက် ပါတယ်။
မုန့်ထုတ်ပေါ်မှာတော့ တရုတ်စာတွေ ချည်းပဲရေးထားတော့ ဘာတွေ ဘယ်လိုပါဝင်နေတယ်ဆိုတာ ကျွန်မတို့ မသကြဘူးလေ။ သမီးလေးကတော့ အဲဒီ အချောင်းလေး ၁၀ ချောင်းလောက်စားပြီးတဲ့နောက် ၂ နာရီလောက် ကြတော့ ရေတောင်မသောက်နိုင်တော့ ပဲ ပြို့သလို အန်သလိုလိုဖြစ်လာတာကြောင့် အနီးဆုံး ဆေးခန်းကို သွာပြီး ပြရတော့တာပါပဲ။ အကောင်းကြီးကနေ ချက်ခြင်းဆိုသလိုဖြစ်လာတာနော်" ဟု ကလေးငယ်၏ မိခင် ဒေါ် ခင်ခင်လေးကပြောသည်။
ထိုသို့ ပြို့အန်ပြီးနောက် ညနေပိုင်းသို့ရောက်သော် ကလေးငယ်မှာ ကိုယ်ပူရှိန်တက်ခါ အဖျားဝင်လာကြောင်း၊ ည ဖက်ရောက်သည်တွင် ကိုယ်ပူချိန်မှာ ၁၀၅၊ ၁၀၆ လောက်အထိတက်လာကြောင်း၊ ထို့ကြောင့် နောက်တစ်နေ့ တွင် ဆေးခန်းသို့သွားပြကာ ဆရာဝန်၏ ညွှန်ကြားအချက်အတိုင်း ပြုစုကုသရကြောင်း ကလေးငယ်၏ မိခင်ကပြော ပါသည်။ ဆရာဝန်ကလည်း အစာအဆိပ်သင့်သည့် ရောဂါလက္ခဏာဖြစ်ကြောင်းပြောသည်ဆို၏။ ထိုသို့ကုသပြီး ၃ ရက်ခန့်ကြာသည်တွင်မှ မူလအခြေအနေသို့ပြန်ရောက်ကြောင်းသိရသည်။
အဆိုပါ မုန့်ထုတ်ထဲမှ အချောင်းလေးများကို မီးရှို့ကြည့်သောအခါ ပလပ်စတစ်ချောင်းလေးများအား မီးရှို့သကဲ့ သို့တွေ့မြင်ရပြီး အနံ့မှာလည်း ပလပ်စတစ်မီးလောင်သည့် အနံ့ကဲ့သို့ပင်ဖ်ြစ်ကြောင်း ကလေးငယ်၏ မိခင် ကပြောသည်။

0 မှတ်ချက်များ for "နယ်စပ်မှ တင်သွင်းလာသည့် မုန့်ကြောင့် ကလေးငယ် တစ်ဦး အစာအဆိပ်သင့်"