စက်မှုဇုန်များ ၂၄ နာရီ လျှပ်စစ်မီး ဆက်တိုက် ရပါက စက်ရုံ ဝန်ထမ်းများ ဝင်ငွေ တိုးနိုင်

စက်မှုဇုန်များကို ဇူလိုင် ၉ရက်မှ စ၍ လျှပ်စစ်မီး (၂၄) နာ ရီအချိန် ပြည့်ပေးနေပြီဖြစ်၍ စက်မှုဇုန်ဝန်ထမ်း အချို့ ၏ ဝင်ငွေများလည်း တိုးလာနိုင်ကြောင်း စက်မှုဇုန် လုပ်ငန်း ရှင်အချို့က ပြောသည်။

"အခုလို မီးအချိန်ပြည့်ပေး တာတွေ မှန်လာရင် ဝန်ထမ်း
တွေကို ပေးတဲ့နှုန်းတွေလည်း တိုးလာ နိုင်တယ်။ လစာ တိုးပေးတာ မဟုတ်ပေမယ့် ဝန်ထမ်းတွေကို အပိုထပ်
ဆောင်းပေးတဲ့ နှုန်းတွေကို တိုးပေးမယ်လို့ ပြောထား
တော့ မီးပုံမှန်လာရင် သူတို့ဝင်ငွေလည်း တိုးလာ မယ်" ဟု စက်မှုဇုန်မှလုပ်ငန်းရှင် တစ်ဦးကပြောသည်။ 

လျှပ်စစ်မီး အချိန်ပြည့် ဆက်တိုက်ရပါက အပိုထောက်ပံ့ ငွေများတိုးမြှင့်ပေးမည်ပြောထားသော လုပ်ငန်းရှင်အချို့ လည်း ရှိသော ကြောင့် ဝန်ထမ်း အချို့၏ ဝင်ငွေမှာများ လာနိုင်ကြောင်း စက်မှုဇုန် လုပ်ငန်းရှင်အချို့ က ပြော သည်။

"ဓာတ်အား ထုတ်လုပ်မှုတိုး လာလို့လျှပ်စစ်မီးပေးတဲ့ ပမာဏတိုး လိုက်တဲ့သဘောပဲ"ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ် ကစက်မှုဇုန်များသို့ လျှပ်စစ်မီး အချိန်တိုးပေးခြင်းနှင့် ပတ်သက် ၍ ပြောသည်။

စက်မှုဇုန်များကို ယခင်ကအများပြည်သူ လျှပ်စစ်မီးသုံးစွဲမှုများ သော အချိန်ဖြစ်သည့် ညနေ ၅ နာရီမှ ည ၁၁ နာရီ အချိန်တွင် လျှပ်စစ်မီး ဖြတ်တောက်ထား၍ တစ်ရက်လျှင် ၁၈ နာရီသာ မီး သုံးစွဲခွင့်ပြုခဲ့သည်။ 

"မီးပေးမယ်လို့တော့ ကြို ပြောမထားဘူး။ မီးပေးရင်တော့ ထုတ်လုပ်မှုတွေ တိုးလာနိုင်သလို ကုန်ကျစရိတ်တွေလည်း တစ်ဝက် ကျော်လောက် သက်သာသွား မယ်"ဟု လှိုင်သာယာစက်မှုဇုန် (၂)မှ ပလတ်စတစ် လုပ်ငန်းရှင် ဦးသန်းစိုး ကပြောသည်။ မီးစက်များဖြင့် စက်ရုံများကိုလည်ပတ်ပါက ကျပ်သိန်း ၁၀ဝ နီးပါး ကုန်ကျမှုရှိလျှင် လျှပ်စစ်မီး ရရှိပါက ၇၅ ရာခိုင်နှုန်းကျော်ထိ ကုန်ကျစရိတ်လျော့ကျလာနိုင်သ ကဲ့သို့ မီးစက်နှင့်လည်ပတ်သည် ထက် ထုတ်လုပ်မှု ပမာဏ များ လည်း တိုးလာနိုင်ကြောင်း စက်မှု ဇုန်လုပ်ငန်းရှင်များက ပြောသည်။

0 မှတ်ချက်များ for "စက်မှုဇုန်များ ၂၄ နာရီ လျှပ်စစ်မီး ဆက်တိုက် ရပါက စက်ရုံ ဝန်ထမ်းများ ဝင်ငွေ တိုးနိုင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++