လယ်သမား ခွင့်ပြုချက် အရ ဆန္ဒထုတ်ဖော်

ပထမဆုံး အကြိမ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့် လည် ခွင့်ရ ရှိခဲ့သော မင်္ဂလာဒုံနှင့် ရွှေပြည် သာမြို့နယ် များမှ လယ်သမားတို့ ဇူလိုင်(၁၅)နံနက်ပိုင်း မင်္ဂလာဒုံ (ထောက်ကြန့်)၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းလယ်သမားများသည် မင်္ဂလာဒုံ(ထောက်ကြံ့)ရှိ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရုံးချုပ်ရှိရာ လမ်းသစ် လမ်းမှ စတင်၍ ချီတက်ခဲ့ကြပြီး ထောက်ကြံ့ လမ်းဆုံသို့
ရောက်သော် ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်ရှိ မြို့နယ်စည်ပင် ရုံးနံဘေးရှိ မြနန္ဒာပန်းခြံတွင် သွားရောက်စုဝေးကြ ကာ
ဟောပြောခွင့်ရရှိသူများဖြစ် ကြသည့် ဦးအောင်မျိုးဦး၊ ဦးနိုင်ဝင်းထွန်းနှင် ဦးနေမျိုးဝေတို့က မြေယာ ဥပဒေနှင့် မြေယာမှုခင်းများ အကြောင်း ဟော ပြောခဲ့ကြသည်။

ထို့နောက် နံနက် (၁၁)နာရီတွင် လူစုခွဲခဲ့ကြသည်။ စီတန်းလှည့်လည်သူများအား ရဲတပ်ဖွဲ့ဝင် (၂၀)ခန့်က လိုက်လံ
စောင့်ရှောက်ပေးခဲ့ကြသည်။ လယ်သမားများအား မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ ဦးဆောင်၍ ဆင်ဖုံ၊ သင်္ကန်းကျွန်းကြီး၊ ရွှေနံ့သာ၊ ၀ါးတစ်ရာနှင့် ရွှေပြည်သာ ကျေးရွာများမှ လယ်သမား ဦးရေ(၂၀၀)ခန့် ပါဝင်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

0 မှတ်ချက်များ for "လယ်သမား ခွင့်ပြုချက် အရ ဆန္ဒထုတ်ဖော်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++