ကျင်းပသည့် လွှတ်တော်တွင်ေ မးခွန်း ခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်

ယနေ့ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စ တုထ္ထ ပုံမှန် အစည်း အဝေး န၀မမြောက်နေ့ တွင် မေး ခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်း မည်ဖြစ်ကြောင်း သိရသည်။

မေးခွန်းခြောက်ခုတွင် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ
ဒေါ်စုစုလှိုင်က လယ်သမားများ လယ်ယာမြေပြန် လုပ် ခွင့်ပြုရန်နှင့် စပ်လျင်းသည့်မေးခွန်း၊ ဦးတင်မောင်ဦး
ရွှေပြည်သာ မဲဆန္ဒနယ်မှ နိုင်ငံ၏ စားနပ်ရိက္ခာ စီမံခန့်ခွဲမှု ဆိုင်ရာ မေးခွန်း၊လသာ မဲဆန္ဒနယ်မှ ဦးကြီးမြင့်က စရိတ် မျှပေး ကျန်းမာရေးစနစ်နှင့် စပ်လျင်းသည့် မေးခွန်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် စပ်လျင်းသည့်မေးခွန်း အစရှိသည့် မေးခွန်းများအား မေးမြန်း ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုနှစ်ခုမှာ ဘုတလင် မဲဆန္ဒနယ်မှ ဦးသန်းနွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် စပ်လျင်းသည့်အဆိုနှင့် မြောက် ဥက္က လာ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်းက ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကော်မရှင် တစ် ရပ်ဖွဲ့ ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချလုပ်ဆောင်ရန်နှင့် စပ်လျင်းသည့် အဆိုများအား တင်သွင်းကြ မည်ဖြစ် သည်။ 

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့တ၀က်သာကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတ အသစ်အား အတည်ပြု ခန့်အပ်ဖွယ်ရှိပြီး ကျန်းသစ္စာကျိန်ဆိုခြင်းပါပြုလုပ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

0 မှတ်ချက်များ for "ကျင်းပသည့် လွှတ်တော်တွင်ေ မးခွန်း ခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++