အိန္ဒိယ သံရုံး အပေါ်ဆုံး ထပ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွား

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့  ညနေ ၆ နာရီ ၅ မိနစ်ခန့်  တွင် ရန်ကုန်မြို့  ကုန်သည် လမ်းနှင့် ပန်းဆိုး လမ်းထောင့် ရှိ အိန္ဒိယ သံရုံး အပေါ်ဆုံးထပ်တွင် မီးလောင် ကျွမ်းမှုဖြစ် ပွား ခဲ့ကြောင်း သိရသည်။

အိန္ဒိယ သံရုံး (၃)လွှာ ဗီဇာဌာနစိတ်ရှိ ကွန်ပျူတာဆာဗာ အတွက်တပ်ဆင်ထားသော အင်ဗာတာ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ကွန်ပျူတာ ၃ လုံး၊ အဲယား ကွန်း၊ စာရွက်စာတန်းအချို့၊ ပရိဘောဂပစ္စည်းအချို့နှင့် ၀ိုင်ယာကြိုးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ 

ပျက်စီးဆုံးရှုံးမှုတန်ဖိုး အတိအကျကိုမူ တွက်ချက်စိစစ်နေကြကြောင်းသိရသည်။

ယခုမီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၈ စီးထက်မနည်းဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသောကြောင့် မီးစ တင်လောငကျွမ်းပြီး မကြာမီတွင်ပင် မီးကိုငြိမ်းသတ်နိုင်ခဲ့ကာ အခြားနေရာများသို့ မီးဆက်လက်ကူးစက်ခြင်း မရှိခဲ့ကြောင်းသိရသည်။

0 မှတ်ချက်များ for "အိန္ဒိယ သံရုံး အပေါ်ဆုံး ထပ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++