ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး
ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့
(WHO)တို့သည် ကမ္ဘောဒီးယားနိုင်ငံ တွင် ဧပြီလမှစ၍ ဖြစ်ပေါ်ခဲ့သော ကလေး ၆၁ ဦး
သေဆုံး ခဲ့ရသည့် အမျိုးအမည်မသိ ရောဂါဆန်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်
ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
အဆိုပါစုံစမ်းစစ်ဆေးမှု၏
အဓိကရည်ရွယ်ချက်မှာ ရော ဂါဖြစ်ပွားရ သည့်အကြောင်းရင်းနှင့် ဇာစ်မြစ်ကို ဖော်
ထုတ်ပြီး သင့်လျော်သောကုသမှုနှင့်ထိန်း ချုပ်မှုတို့ကို ရှာဖွေရန်ဖြစ်သည်ဟု
ကမ္ဘော ဒီးယားနှင့် WHO တို့ ဇူလိုင်လ ၄ ရက် နေ့တွင် ပူးတွဲပြုလုပ်သော
သတင်းစာ ရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ရောဂါသည် ပြင်းထန်သော အသက်ရှု
လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး အာ ရုံကြောဆိုင်ရာ ရောဂါလက္ခ ဏာရပ်များ ကို
တွေ့ရှိရသည်ဟုဆိုသည်။ ယနေ့အထိ အဆိုပါရောဂါကြောင့် ဆေးရုံတင်ခဲ့သော ကလေး ၆၂
ဦး အနက် ၆၁ ဦးမှာ သေဆုံး သွားသည်ဟုဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ
ကန်သာဘိုဖာကလေးဆေးရုံ က ကျန်းမာရေးဝန်ကြီးဌာနသို့ သတိပေး နှိုးဆော်ချက်
ပေးပို့ခဲ့ခြင်းဖြစ်သည်။အဆို ပါ အမျိုးအမည်မသိရောဂါသည် ကိုယ်ပူ ရှိန်မြင့်တက်ခြင်းဖြင့် စတင်ပြီး အသက်ရှူ လမ်း
ကြောင်းဆိုင်ရာနှင့် အာရုံကြောဆိုင် ရာ ရောဂါလက္ခဏာရပ်များဖြစ်ပေါ်ကာ အသက်ရှူစနစ်ဆိုင်ရာ လုပ်ငန်း ဆောင် တာ များ အလျင်အမြန် ချို့ယွင်းသွားခဲ့သည် ဟုဆိုသည်။ အဆိုပါရောဂါသည် ကမ္ဘော ဒီးယားနိုင်ငံ တောင်ပိုင်းမှ လာပြီး ဇာစ်မြစ် ကို ယခုတိုင် မသိရသေးဟုဆိုသည်။

0 မှတ်ချက်များ for "ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး"