အရှေ့တီမော ရွေးကောက် ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် နီးစပ်နေ
အရှေ့တီမော လွှတ်တော်ရွေးကောက်ပွဲအပြီး အ မတ်အများစု အနိုင်ရခဲ့သော
အာဏာရပါတီမှ လက် ရှိဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုက
ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေးအတွက် ပါတီငယ်နှစ်ခုကို ဖိတ်ခေါ် ထား
ကြောင်း ဇူလိုင်လ ၁၅ ရက်တွင် ပြောကြား ခဲ့သည်။
ကြောင်း ဇူလိုင်လ ၁၅ ရက်တွင် ပြောကြား ခဲ့သည်။
ဂုစ်မာအို၏ ဗဟိုလက်ဝဲယိမ်း National Congress for Timorese
Reconstruction (CNRT) က ယခု လဆန်းပိုင်း ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀
အနိုင်ရခဲ့ပြီး အမတ်နေရာ ၆၅ နေရာရှိသော လွှတ်တော်တွင် အမတ်အများစု အရေအတွက်
ဖြစ်ရန် ၃ နေရာသာ လိုခဲ့သည်။
CNRT က ဒီမိုကရက်တစ်ပါတီနှင့် Frente-Mudanca ပါတီတို့ကို
ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက်
ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း CNRT ပါတီ အတွင်းရေးမှူးချုပ် Dionisio Babo Soares က ပြော ကြားခဲ့သည်။
ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း CNRT ပါတီ အတွင်းရေးမှူးချုပ် Dionisio Babo Soares က ပြော ကြားခဲ့သည်။
ယင်းနည်းလမ်းမှာ အစိုးရအဖွဲ့
တည်ငြိမ်မှုရှိရေးအတွက် မိမိတို့ရွေးချယ်ခဲ့သော
အကောင်းဆုံးနည်း လမ်းဖြစ်ကြောင်း Soares က ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီ (PD) မှာ ယခင်ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့ဖူးပြီး
ယခုလွှတ်တော်ရွေးကောက်ပွဲ၌ အ မတ်နေရာ ရှစ်နေရာ အနိုင်ရခဲ့သည်။ Frente-Mudanca
ပါတီကမူ အမတ်နှစ်နေရာ အနိုင်ရခဲ့သည်။
ယင်းအတွက်ကြောင့် အမတ်နေရာ ၂၅
နေရာအနိုင်ရခဲ့ပြီး ဒုတိယအမတ်အများဆုံးရရှိခဲ့သော လက်ဝဲယိမ်း
Fretilinပါတီသည် အတိုက်အခံအဖြစ် ငါးနှစ်ကြာရပ် တည်ရတော့မည့်အခြေအနေ
ရောက်လာခဲ့သည်။
လာမည့်ရက်ပိုင်းအတွင်း နောက်ဆုံးရလဒ် ထွက်ပေါ်အပြီး ညွန့်ပေါင်းဖွဲ့ရေး တရားဝင် ဆွေးနွေးဖွယ် ရှိကြောင်း သိရသည်။
0 မှတ်ချက်များ for "အရှေ့တီမော ရွေးကောက် ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် နီးစပ်နေ"