ဂျပန်ရေကြီးမှု လူ ၃၀ နီးပါး သေဆုံးပြီး လူလေးသိန်းခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြား

ဂျပန် အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာ သွန်းသည့် သုံးရက်မြောက်ရှိလာသော ဇူလိုင်လ ၁၄ ရက်တွင် သေဆုံးပျောက်ဆုံးသူ ၃၀ ဦးအထိ ရှိလာ ပြီး လူလေးသိန်းခန့်ကို နေရာရွှေ့ပြောင်းရန် ညွှန် ကြားထားကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများ က ဖော်ပြခဲ့သည်။ 

နိုင်ငံတောင်ပိုင်းရှိ ကျူရှူးကျွန်းစုတွင် ဇူလိုင်လ ၁၄ ရက်၌ တစ်နာရီလျှင် မိုးရွာသွန်းမှု ၁၁ စင်တီမီတာ (၄ ဒသမ ၃လက်မ)အထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြေပြို မှုများ၊ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးလေ၀သနှင့် ဇလဗေဒဌာနက သတိပေးခဲ့သည်။ 

မြောက်ပိုင်းရှိ ကျွန်းစုများတွင်လည်း မြစ်ရေလျံမှုများ ပိုမိုဖြစ်ပွားခဲ့ပြီး လူ ၂၆၀၀၀၀ ခန့်ကို ရွှေ့ပြောင်းမှုပြု လုပ်ရန် ညွှန်ကြားထားကြောင်း ကျူရှူးကျွန်းရှိ ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ 

ရေကြီးမှု ရှောင်လွှဲနိုင်ရန်အတွက် ကျူရှူးကျွန်းရှိ ရေကြီးမှုဒဏ်ခံရ သောစီရင်စုလေးခုမှ လူ ၁၄၀၀၀၀ နီး ပါးကို နေအိမ်များမှ စွန့်ခွာကြရန် ညွှန်ကြားထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သေဆုံးသူအရေအတွက်မှာ ၂၀ အထိ ရှိနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ ၁၉ ဦးမှာ အာဆိုမြို့ထဲနှင့် ယင်းမြို့ အနီး ဖြစ်ပွားခဲ့သော မြေပြိုမှုများနှင့် အိမ်ပြိုမှုများအတွင်း သေဆုံးခဲ့ဖွယ်ရှိကြောင်း သိရသည်။ 

အိုအီတာစီရင်စုရှိ ယာမာကူနီမြစ်တစ်လျှောက် မြစ်ရေစံချိန်တင်မြင့် တက်ခဲ့သည်။ ဖူကူအိုကာစီရင်စု တွင် မြေပြိုမှု ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇၈၆၀၀ ဦးကို ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for "ဂျပန်ရေကြီးမှု လူ ၃၀ နီးပါး သေဆုံးပြီး လူလေးသိန်းခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++