ဆန္ဒပြမှုအပြီး စစ်မှုထမ်း ဥပဒေမူကြမ်း ပြင်ဆင်သွားမည်ဟု အစ္စရေး ၀န်ကြီးချုပ် ကတိပြု

အစ္စရေးတွင် ultra-Orthodox ဂျူးများကို စစ်မှုထမ်းခြင်း မှကင်း လွတ်ခွင့်ပြုထားသည့် ဥပဒေမူကြမ်းအား အဆုံး သတ်ရန် လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ပြီးတစ်ရက် အကြာတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စစ်မှု ထမ်းဥပဒေမူကြမ်းကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ဇူလိုင်လ ၈ရက်တွင် ပြောကြားခဲ့သည်။ 

လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်း  ဆက်သွား ရန်မဖြစ်ကြောင်း၊ စစ်တပ်၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကိုလည်း လက်ရှိလမ်းကြောင်းအတိုင်း ရှေ့ဆက် ရန်မဖြစ်နိုင်ကြောင်း ယခုသီတင်းပတ် အစိုးရအဖွဲ့ ဆွေးနွေးပွဲအစတွင် နေတန်ယာ ဟုက ပြောကြားခဲ့သည်။ 

စစ်မှုထမ်းဥပဒေပြင်ဆင်ရန် ၀န်ကြီးချုပ်က အဖွဲ့တစ်ခုဖွဲ့ခဲ့ပြီး အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရမည့် အချက်ကို ထည့်သွင်းရေးဆွဲဖွယ်ရှိသည်။ လက်ရှိဥပဒေအရ အာရပ်နွယ်ဖွားများနှင့် ultra-Orthodox ဂျူးများကို စစ်မှုထမ်းခွင့်မှ ကင်းလွတ်ခွင့်ပြုထားသည်။ 

ယင်းကိစ္စမှာ နေတန်ယာဟုအတွက် လပေါင်းများစွာ အငြင်းပွားဖွယ် နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ်ရှိခဲ့ပြီး အချိန်မှာ ကုန်သလောက်ဖြစ်နေကြောင်း သိရသည်။ ယင်းစစ်မှုထမ်းဥပဒေကို ချမှတ်ခဲ့သော အစ္စရေးတရား ရုံးချုပ်က သြဂုတ်လ ၁ ရက်နေ့တွင် အသစ်အစားထိုးတော့ မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သာတူညီမျှထမ်းဆောင်ခွင့်ကို မြို့တော်တဲလ်အဗစ်တွင် ဇူလိုင်လ ၇ ရက်ည၌ လူထောင်ပေါင်း များစွာက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 

အစ္စရေးတည်ထောင်သည့် ၁၉၄၈ ခုနှစ်မှစ၍ ultra-Orthodox ဂျူးကျောင်းသားများမှာ သမိုင်းဝင် နိုင်ငံရေး သဘောတူညီချက်အရ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရပြီး ယင်းဂျူးများသည် နိုင်ငံကာကွယ်ရေးထက် ဘာသာရေးကျောင်းများတွင် စာသင်ကြားခြင်းသည် ပိုကောင်းကြောင်း Community ခေါင်းဆောင် များက ပြောကြားခဲ့သည်။ အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသားများမှာလည်း ကင်းလွတ်ခွင့်ရခဲ့သည်။ 

ultra-Orthodox ပါတီများကို ညွန့်ပေါင်းအစိုးရတွင် မိတ်ဖက်များအဖြစ် အမြဲတမ်းမှီခိုနေရခြင်းကြောင့် ယင်း ကင်းလွတ်ခွင့်ကိစ္စမှာ နေတန်ယာဟုနှင့် သူ၏လီကွတ်ပါတီအတွက် ထိရှလွယ်သော ပြဿနာ တစ်ရပ်ဖြစ် လာသည်။                    
Ref:CNN

0 မှတ်ချက်များ for "ဆန္ဒပြမှုအပြီး စစ်မှုထမ်း ဥပဒေမူကြမ်း ပြင်ဆင်သွားမည်ဟု အစ္စရေး ၀န်ကြီးချုပ် ကတိပြု"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++