စစ်ကောင်စီကို အာခံပြီး အီဂျစ်သမ္မတ အမိန့်ဖြင့် လွှတ်တော် ပြန်လည်ခေါ်ယူ
ပြီးခဲ့သောလက လွှတ်တော် ဖျက်သိမ်းကြောင်း ကြေ ညာခဲ့ပြီး ဥပဒေပြုခွင့်
အာဏာချုပ်ကိုင်ထားသော စစ်ကောင်စီကိုအာခံကာ အီဂျစ်သမ္မတ
မိုဟာမက်
မော် ဆီအမိန့်ဖြင့် ဇူလိုင်လ ၁၀ ရက်တွင် လွှတ်
တော်ပြန် လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
မော် ဆီအမိန့်ဖြင့် ဇူလိုင်လ ၁၀ ရက်တွင် လွှတ်
တော်ပြန် လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
လွှတ်တော်ရွေးကောက်ပွဲများသည် တရားမ၀င်
ကြောင်း အီဂျစ်တရားရုံးချုပ်က ဇွန်လတွင် ကြေညာ ခဲ့ အပြီး နောက်တစ်နေ့၌ စစ်ကောင်စီက လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ကြောင်း အီဂျစ်တရားရုံးချုပ်က ဇွန်လတွင် ကြေညာ ခဲ့ အပြီး နောက်တစ်နေ့၌ စစ်ကောင်စီက လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယခုလွှတ်တော်မှာ
တရားရုံးချုပ်၏ ကြေညာချက်အပြီး ပထမဆုံး ပြန်လည်ခေါ်ယူခဲ့သော
လွှတ်တော်ဖြစ် လာခဲ့သည်။ စစ်ကောင်စီအမိန့်ကို လွန်ဆန်ကာ သမ္မတသစ်မော်ဆီက လွှတ်တော် ပြန်တက်ရန်
ဇွန်လ ၃၀ ရက်တွင် ညွှန်ကြားခဲ့ပြီးနောက် အမတ်များက
လွှတ်တော်ပြန်တက်ခြင်းဖြစ်သည်။
လွှတ်တော်စတင်ပြီးနောက် ဆန္ဒပြသူရာပေါင်းများစွာသည် ကိုင်ရိုမြို့ရှိ
တရားရုံးရှေ့တွင် ချီတက်ဆန္ဒပြခဲ့ သည်။ လွှတ်တော်ပြန်ခေါ်ရန် မော်ဆီ၏
ဆုံးဖြတ်ချက်ကို ဆန့်ကျင် သူ ၂၅ ဦး၏ တိုင်ကြားမှုများအား ယင်း တရားရုံးက
ဖြေရှင်းပေးရမည် ဖြစ်သည်။ တရားရုံးရှေ့တွင် ဆန္ဒပြ သူများမှာ
မော်ဆီဆုံးဖြတ် ချက် ကို
ထောက်ခံသူများဖြစ်ပြီး ကြွေးကြော်သံများ အော်ဟစ်ကာ သံချပ်ကာယာဉ်များဖြင့် စောင့်ကြပ်နေသော လုံထိန်း ၁၀၀ ကျော်ကို ရေဗူးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ထောက်ခံသူများဖြစ်ပြီး ကြွေးကြော်သံများ အော်ဟစ်ကာ သံချပ်ကာယာဉ်များဖြင့် စောင့်ကြပ်နေသော လုံထိန်း ၁၀၀ ကျော်ကို ရေဗူးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
တရားရုံးက ယင်းတိုင်ကြားမှုများကို ကြားနာစစ်ဆေးမှုအား ရွှေ့ဆိုင်းကြောင်း
သတင်းကြားရပြီးနောက် ယင်းလူအုပ်ကြီးသည် ငြိမ်းချမ်းစွာ
လူစုပြန်ခွဲခဲ့ကြောင်း သိရသည်။ သမ္မတအမိန့်ကို ပြင်နိုင်သည့်အာဏာမှာ
ယင်းတရားရုံးကသာ ပိုင်ဆိုင်သည်။
လွှတ်တော်ပြန်ခေါ်ခြင်းမှာ နိုင်ငံတွင်း လစ်လပ်နေသော ဥပဒေပြုရေးရာကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်း မွတ် စလင်ဘရားသားဟုဒ်အဖွဲ့မှ Freedom and Justice ပါတီမှ လွှတ်တော်အမတ် အဗ္ဗဒူဆာလမ်ဘာရှန်ဒီ က ပြောကြားခဲ့သည်။
သို့သော် Egyptian Democratic ပါတီမှ အမတ်ဖာတီဒီဆိုကီကမူ မတူသောအမြင်ထုတ်ဖော်ခဲ့ပြီး သမ္မတ၏ အမိန့်မှာ မတည်ငြိမ်မှုဖြစ်စေခဲ့ကာ ကြီးမားသော အာဏာလွန် ဆွဲပွဲတစ်ခုကို မြင်တွေ့ လိုက်ရခြင်းဖြစ်
ကြောင်း ပြောကြားခဲ့သည်။

မော်ဆီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့်အနေဖြင့် လူတစ်သန်းပါဝင်သော
ဆန္ဒပြမှုပြုလုပ်ရန် မွတ်စလင် ဘရားသားဟုဒ်က တိုက်တွန်းခဲ့သည်။
လွှတ်တော်ဖျက်သိမ်းခဲ့သော စစ်ကောင်စီနှင့် တရားရုံးချုပ်တို့မှာ လည်း
မော်ဆီဆုံးဖြတ်ချက်ကြောင့် ချောင်ပိတ်မိသည့် အနေအထား ကြုံနေရသည်။
Ref:CNN

0 မှတ်ချက်များ for "စစ်ကောင်စီကို အာခံပြီး အီဂျစ်သမ္မတ အမိန့်ဖြင့် လွှတ်တော် ပြန်လည်ခေါ်ယူ"