EV-71 ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘော ဒီးယား တွင် ကလေး ၅၂ ဦး သေဆုံး

ခြေထောက်၊ လက်နှင့် ပါးစပ် တို့တွင် ရောဂါ ဖြစ် ပွားစေ သည့် EV-71 ဗိုင်းရပ်စ် ပိုးကူးစက်ခံရ မှုကြောင့် ကမ္ဘောဒီးယား ကလေးငယ် ၅၉ ဦး ရောဂါဖြစ်ပွားခဲ့ပြီး ၅၂ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယား ကျန်း မာရေးဝန်ကြီးဌာန တို့ ပူးတွဲထုတ်ပြန်သော အစီ ရင်ခံစာအရ သိရှိရသည်။

EV-71 အောက် ကလေးများတွင် ကူးစက်ခံရပြီး ဖျားခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများ ခံစားရခြင်း၊ အရေပြားပေါ်နှင့် ပါးစပ်တွင် အနာပေါက်ခြင်း၊ လက်နှင့် ခြေထောက်ပေါ်တွင် အရည်ကြည်ဖုများ ပေါ်ခြင်းများ ကြုံတွေ့ရကြောင်း သိရသည်။ 

EV-71 သည် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လူနာ၏ ဝမ်းအညစ်အကြေးနှင့် အနာမှထွက်သော အရည် များမှ တစ်ဆင့် ကူးစက်စေနိုင်ကြောင်း သိရသည်။ ထိုဗိုင်းရပ်စ်ပိုးအတွက်ကာကွယ်ဆေးနှင့် တိကျသော ကုထုံး လည်းမရှိသေးပေ။ EV-71 ကူးစက်ခံရသူ အများစုမှာ နောက် ဆက်တွဲပြဿနာများမပေါ်ဘဲ လျင်မြန်စွာ နာလန်ထ နိုင်ကြသည်။ ပြီးခဲ့သည့်နှစ်က ဗီယက်နမ်နိုင်ငံတွင် EV-71 ကူးစက်ခံခဲ့ရသူ ၁ သိန်း ၁ သောင်း ကျော် ရှိပြီး ၁၆၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for "EV-71 ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘော ဒီးယား တွင် ကလေး ၅၂ ဦး သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++