အမျိုးသမီး ကျန်းမာရေး အတွက် သိသင့်တဲ့ အချက်

သင့်အနေနှင့် သွေးဆုံး ပြီး အမျိုး သမီး များမှာ ဖြစ် တတ် တဲ့ ကိုယ်သား ကိုယ်ရေ ပူခြင်း (Hot Flashes) ဖြစ် တတ်တယ်ဆိုရင် ယင်းအခြေအနေ ဖြစ်အောင် ဖန်တီးပေးတဲ့အရာများ (Triggers) ကို ရှောင်ပါ။ 

ယင်းတို့ ကတော့ လက်ဖက်ရည်၊ ကော်ဖီနှင့် ကိုလာ များ၊ ချောကလက်၊ အရက်နှင့် ဟင်းခတ်အမွှေး အကြိုင်၊ ဆား သို့ မဟုတ် သကြားလွန်ကဲစွာပါတဲ့ အစား အစာများပါဝင်တယ်။

စွပ်ပြုတ်ရည် ပူပူနှင့် သောက်စရာများ၊ ဒါမှ မဟုတ် ထမင်းများများစားခြင်းက ထိုဝေဒနာ ကို ဖြစ်စေတယ် လို့ တချို့အမျိုး သမီးတွေက ပြောဆိုကြပါတယ်။

ရာသီလာစဉ်ကြွက်တက်ခြင်းကို သက်သာစေနည်း
ရာသီလာစဉ်ြွကက်တက်ခြင်း (Menstrual Cramping) ကြောင့် မအီမသာဖြစ်မှုကို သက်သာရာရစေဖို့ Liver 3 လို့ခေါ်တဲ့ ဓာတ်အပ်စိုက် နေရာကို ဖိပေးပါ။ Liver 3 ဆိုတဲ့ နေရာကတော့ ခြေမနှင့် ခြေမဘေးရ ခြေချောင်း ကြား အပေါ်ဘက်နေရာ ဖြစ်တယ်။ ခြေနှစ်ဖက်စလုံးရဲ့ ယင်း နေရာကို လက်ညှိုးနှင့် ဖိထောက် ထားပြီး နှိပ်ပေးပါ။

ဒီအစားအစာတွေကိုရှောင်
သင့်မှာ မီးယပ်သွေးမပေါ်မီ လက္ခဏာစု (Premenstrual Syndrome, PMS) ခံစားရပါက ကဖင်း၊ သကြား၊ ဆား၊ နို့နှင့် နို့ ထွက်ပစ္စည်းများနှင့် ဂျုံဖြူတို့ စားသုံးခြင်းကို လျှော့ပါ။ ယင်းအစား အစာတို့က ဏြှ ကို ရံဖန်ရံခါ ပိုဆိုး သွားစေကြောင်း လေ့လာမှုများ က ပြသထားတာရှိတယ်။ တစ်နေ့ ထမင်း ၃ ကြိမ်စားခြင်းအစား ၆ ကြိမ် လောက် နည်းနည်းချင်း ခွဲစားတာက PMS ကို ပိုသက်သာစေပါတယ်။ အင်ဆူလင် ပမာဏ အပြောင်းအလဲ သိပ်မဖြစ်စေဘဲ တည်တံ့စေခြင်း ကြောင့် လို့ယူဆရပါတယ်။

ဦးလှမြင့် (ဂန္ဓမာ) Ref : Do-it

0 မှတ်ချက်များ for "အမျိုးသမီး ကျန်းမာရေး အတွက် သိသင့်တဲ့ အချက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++