ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ ကျင်းပသော အာဇာနည်နေ့  အခမ်းအနား

ရှမ်းပြည် နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၁၉.၇.၂၀၁၂ ရက်နေ့
(အာဇာနည်နေ့) နံနက် ၁၀း၃၇ မိနစ် အချိန်တွင် ပါတီဝင် လူကြီး၊ လူငယ်များ အင်အားတစ်ရာခန့်
တက်ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊
ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်း များအား ဦးညွှတ်အလေးပြုခဲ့ကြပါသည်။

ထို့နောက်  သံဃာတော်များ အား နေ့ဆွမ်းကပ်လှူပြီး တရားတော်နာယူခဲ့ကြပါသည် ...။

0 မှတ်ချက်များ for "ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ ကျင်းပသော အာဇာနည်နေ့  အခမ်းအနား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++