ပင်လုံနှင့် အောင်ပန်းမြို့တွင် အာဏာပိုင်များက ခွင့်မပြုသည့် အာဇာနည်နေ့

(၆၅)နှစ်မြောက်အာဇာနည်နေ့အခန်းအနားကို ခွင့်မပြုသည့် ကြားက ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေများကို  အောင်ပန်းမြို့ သူ/မြို့သားများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(အောင် ပန်း)၊  အောင်ပန်းစာကြည့်တိုက်အဖွဲ့၊ NLD လူငယ်များအဖွဲ့ နှင့် နိုးကြားတက်ကြွသော မျိုးဆက်လူငယ်များအဖွဲ့တို့မှ ယနေ့နံနက် (၇း၃၀)မှ (၁၀)နာရီအချိန်ထိ လွတ် လပ်ရေး
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်  ဆောင်များအား လွမ်းသူ့ပန်းခွေချကာ အလေးပြုအခန်း အနား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် (၆၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အ ဖြစ် အောင်ပန်း၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် နိုးကြား တက်ကြွသော လူငယ်များအဖွဲ့တို့က ယနေ့နံနက် အာရုံ ဆွမ်းအဖြစ် အောင်ပန်းမြို့၊ အောင်စင်္ကြာ စာသင်တိုက်တွင် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားရ ဟန်းသာမဏေများအား ဆက်ကပ်လှူဒါန်းပြီး အာဇာနည် များအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။


အောင်ပန်းမြို့တွင် အာဇာနည်နေ့အခန်းအနားကို အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး သွားလမ်းဘေးရှိ ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင်တွင် အာဇာနည်နေ့အထိမ်း အမှတ်ဟောပြော ပွဲနှင့် အလေးပြုပွဲအခန်းအနားကို မြို့လုံး ကျွတ်ကျင်းပ  ပြုလုပ်မည်ဟု စီစဉ်ထားသော်လည်း မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးမှ ခွင့်ပြုပေးခဲ့ခြင်းမရှိ သဖြင့် အခန်းအနားကို ပြုလုပ်ကျင်းပနိုင်ခြင်း မရှိကြောင်း သိရှိရ ပါသည်။

 မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အာဇာနည်နေ့အခန်းအနားကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့်ဖြင့်
ခွင့်ပြုချက်မရနိုင်သောကြောင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးသို့ဆက်လက်တောင်း
ခံခဲ့သော်လည်း  ဝေ့လည်ကြောင်ပတ်ဖြင့်ပြောဆိုနေရာ ရှမ်းပြည်နယ်အစိုးရ၀န်ကြီးချုပ်ရုံးသို့ သွားရောက်ပြီး တောင်းခံခဲ့ကြပါသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ၄င်း၏ကိုယ်ရေးအရာရှိဆိုသူနှင့်သာတွေ့ရပြီး ၄င်းမှလည်း  ၀င်စာ ထွက်စာ များကို စစ်ဆေးခိုင်းခဲ့ရာ အာဇာနည်နေ့အခန်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ မည်သည့် ညွှန်ကြားချက်မှမရှိကြောင်း သိရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ်အား
တင်ပြပေးခြင်းမရှိဘဲ ပြန်လွှတ်ခဲ့ပါသည်။

မနေ့က(၁၈.၇.၂၀၁၂)ရက်နေ့ညတွင် ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အာဇာနည်နေ့
အခန်း အနားကျင်းပခြင်းမပြုလုပ်ရန် အကြောင်းကြားစာကို အောင်ပန်းရဲစခန်းမှ ည (၈)နာရီ ၀န်းကျင်တွင် အကြောင်းကြားခဲ့ကြောင်းသိရှိရပါသည်။

သို့ပါသော်လည်း အောင်ပန်းမြို့မှ အာဇာနည်နေ့အခန်းအနားကျင်းပနိုင်ခြင်းမရှိသော်လည်း ဗိုလ်မှူးကြီး ဗထူးအထိမ်းအမှတ်ကျောက်တိုင်တွင် လွှမ်းသူ့ပန်းခွေချခြင်း အလေးပြုခြင်း နှင့် အောင်စင်္ကြာကျောင်းတိုက် တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။


ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်တော်လှန်ရေးဆင်နွဲနေချိန် ၁၉၄၅/၄၆ခုနှစ်ခန့်က ရွံ့ ရွံ့ချွံချွံ  တိုက်ပွဲဝင် ခဲ့သော မြန်မာ့သမိုင်းတွင်စံထားရသော စစ်တပ်အရာရှိတစ်ဦးဖြစ်ကြောင်း
အားလုံးသိကြ ပါသည်။

ဖက်ဆက်တော်လှန်ရေးစစ်ပွဲဆင်နွဲနေစဉ် ရှမ်းပြည်နယ်တောင်ပိုင်း၊  ရွာငံမြို့နယ်ယခု-(ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ)အနီးရှိ တယ်လူးရွာ(ယခင်က တဲလူးစခန်း)တွင် ငှက်ဖျားရောဂါဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ 

ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ် ကျောက်တိုင်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊  အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် လမ်းမမှကြည့်လျှင် မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဘဏ် နောက်ခံဖြင့် တွေ့မြင်နိုင်ပါသည်။ ယခုအချိန်အခါသည် ပွင့်လင်း၍ စည်းကမ်းပြည့် ၀သော ဒီမိုကရေစီစနစ်ဖြင့် သမ္မတကြီးဦးသိန်းစိန်အနေဖြင့် ပြည်သူလူထုအတွက် ဆောင်ရွက်လျက်ရှိသည်ဟု ဆို သော်လည်း ...အမှန်တကယ်လက်တွေ့အားဖြင့် လူအခွင့်အရေးနှင့် ပတ်သက်၍ အောင်ခြေတွင် ပြုပြင် ပြောင်းလဲမှုမရှိကြောင်း လုပ်ဆောင်ရမည်များကို သေချာစွာကိုင်တွယ်ဆောင် ရွက်နိုင်ဖို့လိုအပ်လျက် ရှိ ကြောင်း အောင်ပန်းမြို့မှ နိုင်ငံရေးဝါရင့်သမားများ.....မှ ဝေဖန်လျက်ရှိနေကြပါကြောင်း တင်ပြလိုက်ပါသည်။

ဒါအပြင် ပင်လုံမြို့(NLD)အာဇာနည်နေ့အခန်းနာကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်။ ပင်လုံမြို့တွင် ၆၅ နှစ် မြောက် အာဇာနည်နေ အခန်းအနားကို ပင်လုံမြို့ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နမ့်စန်မြို့၊ လွိုင် လင်မြို့နှင်ပင်လုံမြို့မှ အဖွဲ့ချုပ်ပါတီဝင်ပေါင်း၁၀၀ ခန့်တက်ရောက် ရ်ျ နိုင်ငံတော် အလံအား အလေးပြုခြင်း၊ အာဇာနည်ခေါင်ဆောင်များအားအလေးပြုခြင်း၊ ကျဆုံးလေပြီး သောဒီမိုကရေစီ လှုပ်ရှားရင်းအသက်ပေး သွားကြသောပါတီဝင်အပေါင်းကိုအလေးပြုခြင်နှင့် ဘုန်တော်ကြီးများအားပင့်ဖိတ်ရ်ျကျဆုံးသွားပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်
ခေါင်ဆောင်ကြီးများကို ရည်စူးရ်ျရေစက်သွင်းချ အမျှပေးဝေ ခါအောင်မြင်စွာကျင်းပနိုင်ခဲပါတယ်။

0 မှတ်ချက်များ for "ပင်လုံနှင့် အောင်ပန်းမြို့တွင် အာဏာပိုင်များက ခွင့်မပြုသည့် အာဇာနည်နေ့"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++