ကျေးရွာ ၁၆၀ ကျော် ငှက်ဖျား ဆေး ယဉ်ပါးမှု ကာကွယ်ရေး စီမံချက် ပြုလုပ်

ကရင်ပြည်နယ် ရှိ ကျေးရွာ ပေါင်း ၁၆၀ကျော်တွင် ငှက် ဖျား တိုက်ဖျက် ရေးလုပ်ငန်း များကို Save The Children
နှင့်ပူး ပေါင်းကာ သုံးနှစ် စီမံကိန်းပြုလုပ်သွား မည်ဖြစ်
ကြောင်းမြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း(MHAA) မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကပြောသည်။ 

ကရင်ပြည်နယ်ဘားအံ၊လှိုင်းဘွဲ့၊  ကော့ကရိတ်နှင့်မြဝ တီမြို့များ ရှိ ကျေးရွာပေါင်း ၁၆၁ ရွာတွင် ပြုလုပ်မည့် အ ဆိုပါ ငှက်ဖျား ဆေးယဉ် ပါးမှုကာကွယ်တိုက် ဖျက်ရေး စီမံချက်မှာ ယခုနှစ် ဇွန်လမှ စတင်၍ ၂၀၁၅ ခုနှစ်အထိ ကြာမြင့်မည်ဖြစ်သည်။ 

ငှက်ဖျားရောဂါကာကွယ်ရေးအတွက် လိုအပ်သော အသုံး အဆောင်များ ဝေငှခြင်း၊ ကရင်ဘာသာစကားဖြင့် ရိုက်နှိပ် ထားသည့် ကျန်းမာရေးအသိပေးလက်ကမ်းများ ဝေငှခြင်းများ၊ ဆေးကုသခြင်း များကိုပြုလုပ်သွား မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း ဥက္ကဋ္ဌကပြောကြားသည်။

" အခြေခံ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့ဒေသတွေမှာ ကျွန် တော်တို့ရဲ့ စီမံချက်တွေကို လုပ်သွားမှာပါ။ အစိုးရက သတ်မှတ် ထားတဲ့ပိုစတာတွေကိုကရင်လူမျိုးတွေအတွက်ကရင်ဘာသာနဲ့တိုက် ရိုက်ဘာသာပြန်ပြီးတော့ လည်းဖြန့် မယ်။ ဇူလိုင်ပထမပတ်ထဲမှာ စပြီး ကွင်းဆင်းမယ်" ဟု ဥက္ကဋ္ဌ ဦးအောင်ခင်ကပြောကြားသည်။ 

အထက်ပါ ကျေးရွာပေါင်း ၁၆၀ ကျော်ရှိ အချို့ကျေးရွာများ မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက် ခံနယ်မြေ များတွင် ပါဝင်ကြောင်းလည်းသိရ သည်။ မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီးအရှေ့၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးများသည် ငှက်ဖျား ရော ဂါအဖြစ်များ လျက်ရှိပြီး ငှက်ဖျား ရောဂါကုသဆေးအာတီမိသာ (Artmether)ဆေးယဉ်ပါးမှု အများ ဆုံးဖြစ်သည့် ဒေသများအဖြစ် ယူဆထားကြောင်း ငှက်ဖျားတိုက်ဖျက် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းမှ သိရှိရသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် နိုင်ငံတကာအဖွဲ့အ စည်းများနှင့်ချိတ်ဆက်၍ ငှက်ဖျားတိုက်ဖျက်ရေး လုပ် ငန်းများ၊ ရေ နှင့်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

0 မှတ်ချက်များ for "ကျေးရွာ ၁၆၀ ကျော် ငှက်ဖျား ဆေး ယဉ်ပါးမှု ကာကွယ်ရေး စီမံချက် ပြုလုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++